ကရင်ပြည်နယ်ဘားအံမြို့ရှိစစ်ကောင်စီတပ်တွေအစစ်ဆေးကြမ်းသည့်သံလွင်တံတား စစ်ဆေးရေးဂိတ်မှာ ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပွားခဲ့တယ်။အဆိုပါဂိတ်ဟာ အဖွဲ့စုံ စစ်ဆေးရေး ဂိတ်ဖြစ်ပြီးစစ်ဆေးရေးဂိတ်မှာ စစ်သားတွေ ၊ ရဲတွေ နဲ့ ထွေအုပ်က ရှာဖွေရေးလုပ်နေတဲ့သူတွေစုနေတဲ့ အချိန်မှာပေါက်ကွဲသွားတာပါ။ အဆောက်အဦးတွေတောင်ရစရာမရှိအောင်ပျက်စီးသွားတာဆိုတော့အသေအပျောက်များနိုင်တယ်။မနက်အစောပိုင်းဖြစ်တာကြောင့်ဖြတ်သွားဖြတ်လာပြည်သူတွေရှိအုံးမှာမဟုတ်သေးပဲစစ်ကောင်စီဘက်ကလူတွေတော့အတော်အထိအခိုက်များနိုင်တယ်။ကားဗုံးနဲ့ဖောက်ခွဲခဲ့တာလို့သိရပြီးဖောက်ခွဲတဲ့အဖွဲ့ကိုတော့ခုထိမသိရသေးဘူး။ကားဗုံးနဲ့စစ်ကောင်စီဘက်ကိုပြင်းပြင်းထန်ထန်ဖောက်ခွဲတာဟာနွေဦးတော်လှန်ရေးကာလမှာမှတ်မိသလောက်ဒါပထမဆုံးပဲ။ကရင်ပြည်နယ်ဘားအံဒေသဟာစစ်ကောင်စီကိုတိုက်ခိုက်မှုတွေမရှိသလောက်ဖြစ်နေတဲ့ဒေသတစ်ခုဖြစ်တယ်။
အောက်တိုဘာ ၀၆၊ ၂၀၂၄။ (တနင်္ဂနွေ)
ဒီရက်ပိုင်းမှာတော့စစ်ကောင်စီဟာအသက်ရှူချောင်နေပါတယ်။စစ်ရေးပိုင်းမှာတရုတ်ဖိအားကြောင့်မြောက်ပိုင်းထိုးစစ်တွေကြီးကြီးမားမားမလုပ်တော့ပဲရပ်တန့်ထားရတယ်။ဒါ့အပြင်ရေဘေးကြောင့်နိုင်ငံရဲ့နေရာဒေသအနှံအပြားမှာလဲတော်လှန်ရေးထက်ကယ်ဆယ်ရေးကိုဦးစားပေးလုပ်နေရတယ်။ နိုင်ငံရေးပိုင်းမှာတော့စစ်ကောင်စီဟာလောလောဆယ်မှာသန်းခေါင်စာရင်းကိုတွန်းကောက်နေတယ်။ပြီးရင်လာမယ့်နှစ်ဒီအချိန်မှာအတုအယောင်ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပေးမယ်လို့လေသံပစ်ထားတယ်။ စီးပွားရေးဘက်မှာလဲတရုတ်ကပေးထားတဲ့ယွမ်ငွေတစ်ဘီလီယံကြောင့်လတ်တလောကြုံတွေ့နေရတဲ့ငွေကြေးအကြပ်အတည်းကစစ်ကောင်စီဟာလွတ်မြောက်သွားတယ်။ဒေါ်လာစျေးတွေသိသိသာသာကျလာတယ်။စက်သုံးဆီပြတ်လတ်မှုတွေမရှိသလောက်ဖြစ်သွားတယ်။ဒါပေမယ့်စစ်ကောင်စီပဲအသက်ရှူချောင်တာပါ။သာမာန်ပြည်သူတွေကတော့အရင်အတိုင်းကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့စီးပွားရေးအကြပ်အတည်းတွေကိုရင်ဆိုင်နေရဆဲပါပဲ။