ရှမ်းပြည်မြောက်ပိုင်းကEAOအဖွဲ့တစ်ခုဖြစ်တဲ့TNLAနဲ့စစ်ကောင်စီတို့တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားလျက်ရှိပါတယ်။စစ်ကောင်စီဘက်ကစစ်ကြောင်းထိုးလာလို့ဖြစ်ပွားရတာဖြစ်ပြီးတရုတ်နယ်စပ်ကုန်သွယ်ရေးဇုန်ဖြစ်တဲ့၁၀၅မိုင်နားမှာလက်နက်ကြီးသံတွေဆက်တိုက်ကြားနေရတယ်။မူဆယ်မြို့ထဲမှာလဲပေါက်ကွဲမှုတွေမကြာခဏဖြစ်ပွားလျက်ရှိတယ်။၁၀၅မိုင်ကုန်သွယ်ရေးစခန်းကတော့တိုက်ပွဲတွေကြောင့်ဖွင့်လိုက်ပိတ်လိုက်ပဲ။
ဒီတိုင်းဆိုရင်တရုတ်နယ်စပ်မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်ဟာလဲထိုင်းနယ်စပ်မြဝတီကုန်သွယ်ရေးဇုန်လိုပဲမရေရာမသေချာမှုတွေရှိလာလိမ့်မယ်။နယ်စပ်ကုန်သွယ်ရေးစခန်းတွေအကုန်ပိတ်သွားရင်စစ်ကောင်စီရောပြည်သူတွေပါပိုမိုခက်ခဲကြပ်တည်းလာလိမ့်မယ်။