မနေ့ကစစ်ကောင်စီရဲ့လုပ်ရပ်ကိုကြည့်ခြင်းအားဖြင့်စစ်အုပ်ဟာဖိအားတွေအောက်မှအကျပ်အတည်းဆိုက်နေပြီဆိုတာတွေ့ရတယ်။ဒါကြောင့်စစ်ကောင်စီဟာသူတို့ရဲ့နောက်ဆုံးအကွက်ဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ကိုထုတ်သုံးဖို့ကြိုစားလာတယ်။ဒီရက်ပိုင်းအတွင်းဒေါ်အောင်ဆန်းစုကြည်ကိုနေပြည်တော်အချုပ်ထောင်ကထုတ်ပြီးနေအိမ်တစ်ခုကိုပြောင်းရွေ့ခဲ့တယ်ဆိုတဲ့ကောလဟာလတွေကိုလဲထုတ်လွင့်သေးတယ်။တကယ်တမ်းကိုစစ်အုပ်စုဟာဒေါ်အောင်ဆန်းစုကြည်ကိုထုတ်သုံးချင်ပေမယ့်သူမကိုအပြီးမလွတ်ပေးရဲပါဘူး။ဒါကြောင့်ဟိုလိုလိုဒီလိုလိုအကွက်တွေသုံးပြီးပြည်သူနဲ့နိုင်ငံတကာကိုသွေးတိုးစမ်းနေတာပါ။
ဒါ့အပြင်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာသူ့အစိုးရအဖွဲ့ကိုပြန်လည်ဖွဲ့စည်းပြီးသူ့အနားမှာသူယုံကြည်ရတဲ့သူတွေကိုပဲထားဖို့လုပ်ဆောင်နေတယ်။မတရားရယူထားတဲ့အာဏာကိုခြောက်လသက်တမ်းတိုးပြီးနောက်ဝန်ကြီးရာထူးအတော်များများကိုဖြုတ်ပစ်လိုက်ပြီးလူသစ်တွေနဲ့အစားထိုးလိုက်တယ်။စစ်ခေါင်းဆောင်အနားနေရတဲ့သူတွေအတွက်တော့တနေ့ရွှေတနေ့ငွေပါပဲ။