ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းအား သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အကြမ်းဖက်စစ်တပ်က အင်အား ၁၀၀၀ ကျော်ဖြင့် ပြန်လည်သိမ်းယူနိုင်ရန် အပြင်းအထန်ကြိုးစားနေတယ်။လက်နက်ကြီးတွေအလွန်အကျွံသုံးပြီးနေရာစုံကစစ်ကြောင်းထိုးနေတာပါ။ဒါပေမယ့်အခုချိန်ထိတော့တောင်ခြေကိုတောင်မကပ်နိုင်သေးဘူး။အထိအခိုက်အကျအဆုံးများစွာနဲ့ပြန်ဆုတ်သွားရတယ်။ကော့ကရိတ်မြို့တောင်ဘက်ကကျေးရွာတွေမှာလဲ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားနေတယ်။အဲဒီနှစ်ဖက်ပစ်ခတ်မှုတွေကြောင့် မြဝတီ–ကော့ကရိတ် အာရှလမ်းမကြီး လမ်းပိတ်သွားပြီး ကုန်ကားနဲ့ ခရီးသွားယာဉ်တွေ လမ်းပိတ် ရပ်တန့်စောင့်ဆိုင်းနေရတယ်။
လက်ရှိ အခြေအနေမှာတော့ စစ်ကောင်စီကို ကရင်ပြည်နယ်ထဲက ဘားအံမြို့၊ လှိုင်းဘွဲ့မြို့နယ်မှအပ ကျန်တဲ့ မြဝတီ၊ ဖာပွန်၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ သံတောင်မြို့နယ်တွေမှာ မြို့ပေါ် စစ်ကောင်စီ အုပ်ချုပ်ရေး ဌာနနေရာတွေ အထိပါ KNLA ပူပေါင်းတပ်တွေ တိုက်ခိုက်မှု အရှိန်မြှင့်လာနေတယ်။