စစ်ကိုင်းတိုင်း၊အိန္ဒိယနယ်စပ်၊တမူးခရိုင်းခမ်းပတ်မြို့မှာ လေးရက်ဆက်တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ခမ်းပက်မြို့နှင့်အနီးဝန်းကျင်ကျေးရွာများကို လေကြောင်းပစ်ခတ်တိုက်ခိုက်၊ဗုံးကြဲခဲ့တယ်။ ခမ်းပါတ်မြို့ရှိရဲစခန်းနှင့်စစ်ကောင်စီတပ်ကိုတော်လှန်ရေးအင်အားစုများကဇူလိုင်၂၂ရက်ညတွင်စတင်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ကကလေးမြို့မှစစ်သားများကိုဇူလိုင် ၂၃ ရက်တွင်လေကြောင်းမှခမ်းပါတ်မြို့ နှင့်အနည်းငယ်သာဝေးသောနေရာသို့ချ၍ ပို့ပေးခဲ့တယ်။ထိုစစ်ကူတွေကိုတော်လှန်ရေးအဖွဲ့များက ဇူလိုင် ၂၃ ရက်တွင် ကြားဖြတ်တိုက်ခိုက်လို့စစ်ကောင်စီတပ်အထိနာခဲ့တယ်။ဒါကြောင့်တိုက်ပွဲ ၄ ရက်မြောက်နေ့မှာ စစ်တပ်ကလေကြောင်းမှတိုက်ခိုက်တော့တာပဲ။ ခမ်းပါတ်မြို့ပေါ်မှာရပ်ကွက် ၅ ခုရှိရာ ရပ်ကွက်တိုင်းကိုစစ်ကောင်စီက ဗုံးကျဲတိုက်ခိုက်သွားတယ်။လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ၅၀ခန့်အထိရှိတယ်လို့သိရတယ်။ဒေသခံအများစုမှာထွက်ပြေးတိမ်းရှောင်ကြသော်လည်း မြို့တွင် ငွေကြေးမတက်နိုင်သောဆင်းရဲသူ ၊သက်ကြီးရွယ်အို နှင့် ကျန်းမာရေးမကောင်းသူအချို့ မရွေ့ပြောင်းနိုင်ဘဲ ကျန်ရှိနေသေးတယ်။ နယ်စပ်မှတစ်ဆင့် အိန္ဒိယနိုင်ငံနယ်စပ်သို့ထွက်ပြေးသောစစ်ဘေးရှောင်များကို အိန္ဒိယနိုင်ငံဘက်မှလက်မခံဘဲ ပြန်ခိုင်းနေတာကြောင့်စစ်ဘေးရှောင်တွေအခက်တွေ့နေတယ်။
ဇန်နဝါရီ ၂၉၊ ၂၀၂၅။ (ဗုဒ္ဓဟူး)
ဒီနေ့ဟာတရုတ်နှစ်ကူးနေ့ပါ။အရင်ကမြန်မာနိုင်ငံမှာ အစိုးရအဆက်ဆက်တရုတ်နှစ်ကူးကို ရုံးပိတ်ရက်သတ်မှတ်မပေးဘူး။အခုမင်းအောင်လှိုင်လက်ထက်ကျမှ တရုတ်ကိုအဖေခေါ်ပြီးရုံးပိတ်ရက်သတ်မှတ်လိုက်တယ်။တရုတ်နှစ်ကူးပွဲကိုတော့ ဒီနိုင်ငံမှာထူးထူးခြားခြားဘာမှမပြုလုပ်ကြပါဘူး။ရန်ကုန်ကတရုတ်တန်းတဝိုက်...