ပဲခူးတိုင်း၊စစ်တောင်းမြစ်အနီးရှိကျောက်တံခါးမြို့နယ်ထဲမှာစစ်ကြောင်းထိုးလာတဲ့စစ်သူပုန်တွေကိုKNUPDFပူးပေါင်းအဖွဲ့တွေဝိုင်းဝန်းတိုက်ခိုက်ခဲ့တယ်။အင်အားလေးရာကျော်အထိပါတဲ့အကြမ်းဖက်စစ်သူပုန်တွေဟာစစ်ကြောင်းနှစ်ကြောင်းခွဲပြီးထိုဒေသကိုဝင်ရောက်လာခဲ့တာပါ။တနာရီကြာခန့်တိုက်ပွဲဖြစ်ခဲ့ပြီးစစ်သူပုန်၄၀ခန့်သေဆုံးသွားပြီး၄၀ခန့်ဒဏ်ရာအပြင်းအထန်ရရှိသွားတယ်လို့NUGကထုတ်ပြန်တယ်။ပဲခူးတိုင်းအတွင်းမှာတိုက်ပွဲကြီးတွေသိပ်ဖြစ်လေ့မရှိဘူး။ဒီတခေါက်ကတော့ပဲခူးတိုင်းအတွင်းကတိုက်ပွဲတွေမှာသတိထားမိသလောက်စစ်သူပုန်တွေအသေအပျောက်အများဆုံးပဲ။
တော်လှန်ရေးအဖွဲ့တွေဟာပဲခူးတိုင်းအရှေ့ခြမ်းကိုတိုးဝင်စပြုလာပြီ။စစ်တောင်းမြစ်အရှေ့ဘက်အခြမ်းကနေအနောက်ဖက်အခြမ်းကိုကူးပြီးရန်ကုန်-မန္တလေးလမ်းမကြီးကိုထိန်းချုပ်နိုင်ဖို့ကြိုးစားလာကြပြီ။ဒါကိုသိတဲ့စစ်ကောင်စီဟာလဲစစ်တောင်မြစ်ဝှမ်းဒေသတလျောက်မှာခံစစ်ပြင်ထားတယ်။အရင်ကငြိမ်သက်နေခဲ့တဲ့ပဲခူးတိုင်းအတွင်းမှာလဲလှုပ်ရှားမှုတွေပေါ်ပေါက်လာတော့မယ်။
စက်တင်ဘာ ၂၇၊ ၂၀၂၅။ (စနေ)
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းဥပဒေအောင်မြင်လာတာဟာ တော်လှန်ရေးအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ကိုယ်တွေဘက်ကလဲ အခုချိန်ထိထိုဥပဒေကို...


