စစ်ကောင်စီဟာကျပ်နှစ်သောင်းတန်တွေဒီလကုန်မှာထုတ်ဝေတော့မယ်လို့ဆိုင်းမဆင့်ဗုံမဆင့်ကြေငြာလိုက်တယ်။မင်းအောင်လှိုင်တည်ထားတဲ့ဘုရားနဲ့သူမွေးထားတဲ့ဆင်ဖြူတော်တစ်နှစ်ပြည့်အထိမ်းအမှတ်လို့အကြောင်းပြချက်ပေးတယ်။ဘာလိုပဲအကြောင်းပြချက်ပေးပါစေထိုကြေငြာမှုကြောင့်ပြည်တွင်းစီးပွားရေးတစ်ခုလုံးရှော့ရသွားတယ်။ရွှေ၊ဒေါ်လာ၊အိမ်ခြံမြေ၊ကားဈေးကွက်တွေအားလုံးသတင်းထွက်ထွက်ချင်းအရောင်းပိတ်လိုက်ကြပြီ။ဈေးတွေထိုးတက်တော့မယ်လေ။အခုလိုမြန်မာကျပ်ငွေhyper inflationဖြစ်နေချိန်မှာနှစ်သောင်းတန်ထုတ်ဝေလိုက်တာအတွက်စစ်ကောင်စီဟာမိုက်မဲလွန်းတယ်လို့ပြောရမယ်။တကယ်ကအဖက်ဖက်ပိတ်ဆို့မှုတွေကြောင့်စစ်ကောင်စီဟာရွှေးချယ်စရာမရှိတော့ပဲကြုံတွေ့နေရတဲ့ဘဏ္ဏာရေးအကျပ်အတည်းကိုဖြေရှင်းဖို့အခုလိုရူးမိုက်စွာလုပ်ဆောင်လိုက်တာဖြစ်တယ်။နှစ်သောင်းတန်ရဲ့အကျိုးဆက်တွေဟာဒီတရက်နှစ်ရက်အတွင်းသိသာထင်ရှားစွာပေါ်ထွက်လာလိမ့်မယ်။