မြန်မာရုပ်ရှင်ဇာတ်လမ်းတွဲတွေရိုက်ကူးမယ်ဆိုရင်ဆင်ဆာတင်ရတော့မယ်လို့စစ်ကောင်စီလက်အောက်ခံရုပ်ရှင်အစည်းအရုံးကထုတ်ပြန်လိုက်ပါတယ်။မြန်မာ့ရုပ်ရှင်လောကမှာဆင်ဆာစနစ်ကိုဖျက်သိမ်းထားတာဆယ်စုနှစ်တစ်ခုလောက်ရှိနေပါပြီ။အာဏာသိမ်းပြီးနောက်စစ်ကောင်စီဟာဆင်တာစနစ်ကိုပြန်လည်အသက်သွင်းခဲ့တယ်။အစကတော့ရုပ်ရှင်ကားကြီးတွေသာဆင်ဆာတင်ရပေမယ့်အခုဆိုရင်ဇာတ်လမ်းတွဲတွေပါလာပြီပေါ့။ဇာတ်လမ်းတွဲစထွက်လာကတည်းကဆင်ဆာတင်ရခြင်းမရှိခဲ့ဘူး။အခုစစ်ကောင်စီလက်အောက်ရောက်မှဆင်ဆာတင်ရတော့မယ်လေ။အာဏာသိမ်းပြီးကတည်းကပြည်သူတွေသပိတ်မှောက်ထားတာကြောင်းနလန်မထူနိုင်တဲ့ရုပ်ရှင်လောကဟာအခုတော့ပိုပြီးဆိုးရွားလာဖို့ပဲရှိမယ်။
မေ ၀၄၊ ၂၀၂၅။ (တနင်္ဂနွေ)
စစ်ကိုင်းငလျင်ကြီးလှုပ်ပြီးတာ တစ်လကျော်ကြာခဲ့ပါပြီ။ဒီတစ်လအတွင်းမှာ ငလျင်ဒဏ်သင့် ပြည်သူတွေရဲ့နေထိုင်မှုဘဝအခြေအနေကတော့ တိုးတက်လာခြင်းမရှိသေးပါဘူး။အိမ်ပြိုသွားပြီး...