အွန်လိုင်းစနစ်နဲ့ရောင်းချတဲ့လုပ်ငန်းတွေကိုစစ်ကောင်စီကထိန်းချုပ်တော့မယ်လို့ထုတ်ပြန်လိုက်တယ်။အွန်လိုင်းရှော့ပင်းလုပ်ငန်းတွေကိုမှတ်ပုံတင်ခိုင်းပြီးအခွန်ကောက်မှာပါ။မလိုက်နာရင်ထောင်ဒဏ်သုံးနှစ်အထိချမှတ်မယ်လို့လဲပါတယ်။အွန်လိုင်းရှော့ပင်းလုပ်ငန်းဟာပြည်သူတွေတနိုင်တပိုင်လုပ်ကိုင်နေကြတဲ့လုပ်ငန်းတစ်ခုပါ။စီးပွားရေးကြပ်တည်းနေချိန်မှာထိုလုပ်ငန်းတွေကိုပါကြပ်မတ်ဖို့လုပ်ဆောင်လာခြင်းဟာပြည်သူတွေကိုတမင်ငတ်သေအာင်လုပ်နေသလိုပဲ။အခုချိန်ထိတော့အမိန့်တစ်ခုအနေနဲ့ပဲရှိနေသေးတယ်။တကယ်အရေးယူလာခဲ့ရင်တော့အခြေခံလူတန်းစားတွေအတွက်အကြပ်အတည်းတွေပိုဖြစ်လာလိမ့်မယ်။
အောက်တိုဘာ ၀၅၊ ၂၀၂၅။ (တနင်္ဂနွေ)
ဒီနှစ်မှာဒေါ်လာစျေးဆက်တိုက်ကျနေတဲ့အဓိကတရားခံကတော့စစ်ကော်မရှင်ကသွင်းကုန်တွေပိတ်ထားလို့ပါပဲ။တနေ့ကprinterတစ်လုံးလိုချင်လို့မြို့ထဲသွားတယ်။မြို့ထဲကကွန်ပြူတာပစ္စည်းဆိုင်နှစ်ဆယ်လောက်ရှာမေးခဲ့ပေမယ့်လိုချင်တဲ့printerရှာမရခဲ့ပါဘူး။ဆိုင်တွေအားလုံးပစ္စည်းပြတ်နေတယ်ပဲပြောကြတယ်။ဘယ်အချိန်ပစ္စည်းပြန်ရမလဲဆိုတာလဲအတိအကျမပြောနိုင်ကြဘူး။အနည်းဆုံးတစ်လကနေလနဲ့ချီပြီးကြာနိုင်တယ်တဲ့။printerဆိုတဲ့ပစ္စည်းမျိုးဟာပုံမှန်ဆိုရင်စျေးကွက်မှာအလွယ်တကူဝယ်လို့ရပါတယ်။ဒီလိုပစ္စည်းမျိုးတောင်စျေးကွက်မှာပစ္စည်းပြတ်နေပါပြီ။ကွန်ပြူတာပစ္စည်းအရောင်းဆိုင်တွေအတော်များများမှာလဲခင်ကျင်းထားတဲ့ပစ္စည်းတွေအရင်လိုပေါပေါများများမတွေ့ရတော့ပါဘူး။စစ်ကော်မရှင်ကပေးတဲ့ဒုက္ခမျိုးစုံကြောင့်ဘယ်စီးပွားရေးလုပ်ငန်းမဆိုအကြပ်အတည်းဆိုက်နေကြတယ်။


