Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ကျပ် နှစ်သောင်းတန်ဂယက် ဒေါ်လာနှင့် ရွှေဈေးကွက် ကမောက်ကမဖြစ်

July 28, 2023
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

ကျပ် နှစ်သောင်းတန် ငွေစက္ကူအသစ် ထုတ်မည်ဟု စစ်ကောင်စီမှ ယမန်နေ့က ကြေညာလိုက်ပြီးနောက် ပြည်တွင်းရွှေနှင့် ဒေါ်လာဈေးကွက်မှာ ပုံမှန်မဟုတ်တော့ဘဲ ကမောက်ကမဖြစ်ကာ ကြိုက်ရောင်းကြိုက်ဝယ်သာ ပြုလုပ်နေကြတော့ကြောင်း ဈေးကွက် အတွင်းမှ သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အကယ်ဒမီအခေါက်ရွှေ တကျပ်သားလျှင် ကျပ် ၃၂ သိန်းခန့်၊ အမေရိကန် ၁ ဒေါ်လာမှာ ကျပ် ၃,၁၀၀ ဝန်းကျင်သာ ရှိခဲ့ရာမှ ကျပ်နှစ်သောင်းတန် ထွက်ရှိမည်ဟု ကြေညာပြီး ယနေ့တွင် ရွှေ ၁ ကျပ်သားလျှင် ၃၆ သိန်း ကျပ်အထိ တရက်အတွင်း ၃ သိန်းကျော် မြင့်တက်လာသလို ငွေကြေးဈေးကွက်တွင်လည်း ၁ ဒေါ်လာလျှင် ၃,၄၀၀ ကျပ်ကျော်အထိ တဒေါ်လာလျှင် ကျပ် ၃၀၀ ကျော် မြင့်တက်လာသည်။

ရန်ကုန်မြို့ရှိ ဒေါ်လာလဲလှယ်ရေး လုပ်ကိုင်သူတဦးက “အဝယ်က ၃,၁၀၀ ကျပ်နဲ့ ၃,၁၅၀ ကျပ်လောက်ပဲ။ အရောင်းက ၃,၄၀၀ ကျပ်လောက် ခေါ်တယ်။ လွန်ဆွဲနေတုန်းပဲ ဈေးကတော့ သိပ်မမှန်ပါဘူး။ ဒါကတော့ နှစ်သောင်းတန် ဂယက် ကြောင့် ဈေးကွက်ကလန့်ဖြန့်သွားတာ။ အရောင်းတော့ မရှိပါဘူး။ ကြိုက်ဈေးခေါ် ထားတာပေါ့။ ဝယ်ချင် ရင်ဝယ်ပေါ့။ လောလောဆယ်တော့ အရောင်းအဝယ်တော့ မဖြစ်သေးပါဘူး”ဟု ဈေးကွက် အခြေအနေကို ဧရာဝတီသို့ ပြောသည်။

လက်ရှိတွင် ဈေးကွက်အတွင်း ဈေးဖွင့်ထားသော်လည်း ကြိုက်ရောင်း၊ ကြိုက်ဝယ်နှင့်သာ ရောင်းဝယ်နေကြပြီး ပမာဏ များပါက အရောင်းအဝယ် မလုပ်ကြောင်း ၊ တရားဝင်ငွေလဲကောင်တာများတွင် ဗဟိုဘဏ်ပေါက်ဈေးအတိုင်း ဈေးဖွင့်ထား သော်လည်း လက်တွေ့တွင် ယင်းဈေးနှုန်းဖြင့် အရောင်းအဝယ် မလုပ်ကြောင်း၊ စစ်ကောင်စီက ၁ ဒေါ်လာလျှင် ၂၁၀၀ ကျပ်သတ်မှတ်ထားသော်လည်း ပြင်ပ ငွေကြေး ဈေးကွက်တွင် ၁ ဒေါ်လာလျှင် ၃၄၀၀ ကျပ်အထိ ဈေးမြင့်နေကြောင်း ပြည်တွင်းရှိ ဒေါ်လာလဲလှယ်ရေး လုပ်ငန်းရှင်များထံက သိရသည်။

၎င်းက ဆက်လက်၍ “တရားဝင် ငွေလဲကောင်တာဆိုလည်း ဆိုင်ကတော့ ဖွင့်ထားတာပေါ့။ လာဝယ်ရင် ၃,၄၀၀ ကျပ် ၃,၄၅၀ ကျပ် ယူမလားပေါ့။ ဒေါ်လာ ၁ ထောင်၊ ၂ ထောင်ဝယ်မယ်ဆိုရတယ်။ တသိန်းလောက် လိုချင်ရင်တော့ မရဘူး။ တရားဝင်ဈေး တင်ထားပေမယ့် ရမှာမဟုတ်ဘူး။ စောင့်တော့ကြည့်ရမယ်။ စကစ ပြောသလို အကန့်အသတ်နဲ့ ထုတ်မှာ လား။ ဘုန်းပေါလအော ထုတ်မှာလား ကြည့်ရဦးမယ်။ ထုတ်တာများရင်တော့ ဈေးက တက်မှာပဲ”ဟု ပြောသည်။

အလားတူ ပြည်တွင်းရွှေဈေးကွက်မှာလည်း ကျပ်နှစ်သောင်းတန်အသစ် ထွက်ရှိမည်ဟု ကြေညာပြီးနောက်တရက် ရွှေမြင့် လာသလို အရောင်းပိတ်လိုက်ရသည်အထိ ဖြစ်နေကြောင်း ရွှေကုန်သည်များက ပြောသည်။

ရန်ကုန်မြို့ရှိ ဝါရင့် ရွှေလုပ်ငန်းရှင်တဦးက “မနေ့ကလည်း ဈေးပိတ်တယ်။ ဒီနေ့လည်း ရောင်းမယ့်သူ မရှိဘူး။ ဈေးသိပ် မဖွင့်ကြဘူး။ ဝယ်တဲ့သူတွေကတော့ ရှိတယ်။ တချို့ လည်း ဝယ်ချင်တဲ့သူနဲ့ ရောင်းချင်တဲ့သူ အချင်းချင်း ဈေးညှိပြီးတော့ ၃၆ သိန်းတို့ ဘာတို့နဲ့ အလုပ်ဖြစ်သွားတယ်လို့ မနေ့က ကြားတယ်။ ဒီနေ့လည်း ဝယ်ချင်တဲ့သူက ရှိတယ်။ ရောင်းချင်တဲ့ သူက မရှိတော့ အလုပ်မဖြစ်သေးဘူး။ ကြိုက်ရောင်း ကြိုက်ဝယ်နဲ့ အလုပ် ဖြစ်လာနိုင်တာတွေတော့ရှိတယ်။ ၃၆ သိန်း လောက်နဲ့ပဲ အလုပ်ဖြစ်မယ် ထင်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

စစ်ကောင်စီလက်အောက်မှ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်း (YGEA) က လက်ရှိတွင် အကယ်ဒမီ အခေါက်ရွှေ ၁ ကျပ်သားလျှင် ၂၃ သိန်း ကျပ်ကျော်နှင့် ဈေးဖွင့်ထားပြီး ပြင်ပဈေးမှာ ၁ ကျပ်သားလျှင် ၃၆ သိန်း ကျပ်အထိ မြင့်တက် နေသောကြောင့် ရွှေ ၁ ကျပ်သားလျှင် ကျပ် ၁၁ သိန်းနီးပါး ဈေး ကွာဟနေသည်။

၎င်းက “အဖမ်းအဆီးခံရမှာလည်း အားလုံး ကြောက်နေကြတယ်။ ကြေညာချက်တွေကလည်း တောက်လျှောက် ထွက်နေ တော့ ဈေးကွက်တင်တဲ့သူ၊ ဈေးကစားတဲ့သူ ဖမ်းမယ်ဆိုတော့ ရောင်းလည်း မရောင်းရဲကြဘူး။ ရောင်းပြီးရင်လည်း ပြန် ဝယ်စရာ နေရာလည်း မရှိဘူး၊ ဒီတော့ အားလုံးက ဆိုင်ပိတ်ကြမယ်။ ခရီးထွက်ကြမယ် လှောင်ထားကြမယ်ပေါ့ အဲ့ဒီလို အခြေအနေပဲ ဖြစ်နေတယ်”ဟု လက်ရှိ အခြေအနေကို ပြောသည်။

ယင်းသို့ အကယ်ဒမီအခေါက်ရွှေဈေး ဈေးနှုန်းများ မြင့်တက်ပြီး ရွှေကို အတုံးလိုက် ဝယ်ယူရခက်နေသဖြင့် လက်ဝယ် ပိုက်ဆံမထားချင်သူအချို့က လက်ဝတ်ရတနာအထည်လုပ်ထားသည့် ၁၅ပဲရည် ရွှေကို ဝယ်ယူစုဆောင်းမှု ရှိနေပြီး ဈေးနှုန်းမှာ အကယ်ဒမီအခေါက်ရွှေဈေးနှင့် ကျပ် ၁ သိန်း ဝန်းကျင်သာ ကွာသောကြောင့် ၁၅ ပဲရည် ရွှေဈေးမှာ ကျပ် ၃၅ သိန်း ဝန်းကျင်ဖြစ်ကြောင်း ရွှေကုန်သည်များထံက သိရသည်။

ရန်ကုန်မြို့ရှိ ရွှေဆိုင်ပိုင်ရှင် တဦးက “များများစားစားတော့ မရောင်းရဲဘူး။ လက်ဝတ်ရတနာတွေကျ‌တော့ ဈေးကိုအရမ်း ကြီးလည်း မတင်ရဲကြဘူး။ ဈေးတင်ရင်လည်း ဖမ်းမှာ ကြောက်တာကိုး၊ အဲ့ဒီတော့ အလျော့တွက်တွေ ပိုယူပြီးတော့ ရောင်းနေကြပါတယ်။ ရောင်းတဲ့သူတွေအားလုံးကတော့ ၃၆ သိန်းကိုပဲ အခြေခံပြီး ရောင်းနေကြတာ”ဟု ဆိုသည်။

ထို့ပြင် YGEA အသင်းက ငွေစက္ကူအသစ် အကြောင်းအရာ အပြည့်အစုံကိုလည်း ဗဟိုဘဏ်က ရှင်းလင်းပြီး ဖြစ်သော ကြောင့် ကောလာဟလများ ထုတ်လွှင့်၍ ကုန်ဈေးနှုန်းမတည်မငြိမ် ဖြစ်စေရန် ဆောင်ရွက်ခြင်း၊ ရွှေဈေးနှုန်း တည်ငြိမ်မှု မရှိအောင် ရောင်းဝယ်ဆောင်ရွက်ခြင်းများ မပြုလုပ်ရန်၊ ရွှေဈေးနှုန်း တည်ငြိမ်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရန် မေတ္တာရပ်ခံကြောင်း ယနေ့ထုတ်ပြန်ထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းရွှေနှင့် ဒေါ်လာဈေးမှာ အဆမတန်မြင့်တက်လာခဲ့ပြီး ရွှေနှင့် ဒေါ်လာ ဈေးကွက်ကို ထိန်းချုပ်ရန် ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီ ကိုဖွဲ့စည်း၍ ရွှေဆိုင်များကို ၁ ကျပ်သားလျှင် ၂,၇၉၀,၀၀၀ ကျပ် ဖြင့် ရောင်းချရန် ယခုနှစ် ဖေဖော်ဝါရီလက သတ်မှတ်ထားသည်။

သတ်မှတ်ဈေးနှင့် မရောင်းချသည့် ရွှေဆိုင်များကို ခေါ်ယူ စစ်ဆေး မေးမြန်းခြင်းများ ပြုလုပ်ခဲ့သလို ဈေးနှုန်း ကျပ်သိန်း ၃၀ ကျော်အထိ မြင့်တက်ချိန်တွင် ကုန်သည်၊ လုပ်ငန်းရှင်များကို ဖမ်းဆီးခြင်းများလည်း စစ်ကောင်စီက ပြုလုပ်ခဲ့သည်။

ယခုကဲ့သို့ ကျပ်နှစ်သောင်းတန် ထပ်မံရိုက်နှိပ်မှုကြောင့် ဈေးကွက်များ ပျက်သွားနိုင်သလို ပုံမှန်မဟုတ်သော ဈေးကွက်များ ဖြစ်သွားနိုင်သဖြင့် စီးပွားရေးလုပ်ကိုင်ရ ခက်ခဲသွားနိုင်သည့် အခြေအနေများ ရှိလာနိုင်ကြောင်း စီးပွားရေးပညာရှင်တဦးက ဧရာဝတီသို့ သုံးသပ်ပြောဆိုသည်။

ကျပ်နှစ်သောင်းတန်ကို ယခု ဇူလိုင် ၃၁ ရက်တွင် စတင်ထုတ်ဝေမည်ဟု စစ်ကောင်စီက ယမန်နေ့က ကြေညာပြီးသည့် နာရီပိုင်းအကြာတွင် ငွေလဲလှယ်နှုန်း၊ ရွှေ၊ အိမ်၊ ခြံမြေ လုပ်ငန်းများမှာ အရောင်းအဝယ်များ ယာယီ ရပ်တန့်ခဲ့သည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြင့်တက်လာသော ကုန်ဈေးနှုန်းနှင့် ဒေါ်လာငွေလဲလှယ်နှုန်းများကို ထိန်းရန် အတွက် ၎င်း၏ လက်အောက်ခံ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မူဝါဒ အမျိုးမျိုး ထုတ်ပြန်ခြင်း၊ ဘဏ်များမှတဆင့် ဒေါ်လာငွေ ရောင်းချခြင်း၊ ကုန်သည်လုပ်ငန်းရှင်များကို အာဏာနှင့် ထိန်းခြင်းများ ပြုလုပ်ခဲ့သော်လည်း လက်ရှိ အာဏာသိမ်း ၂ နှစ် ကျော်အထိ နည်းလမ်း မမှန်သဖြင့် ထိန်းနိုင်ခြင်း မရှိကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်ထားသည်။

Source – Irrawaddy

Related Posts

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025
သတင်း

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025

May 2, 2025

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များ...

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။
သတင်း

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။

March 13, 2025

အနီးခေတ် လွတ်လပ်ရေးအကြို ကြိုးပမ်းမှုကာလမှစ၍   ခေတ်စနစ်၊...

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု
သတင်း

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု

March 13, 2025

မင်းအောင်လှိုင်၏ နောက်ဆုံးထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ချက်များသည် သတင်းမှားဖြန့်ချိမှု၊...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English