စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တကန်သာကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ် ဖြင့် ဗုံးကျဲမီးရှို့နေကြောင်း ဒေသနေပြည်သူများထံမှ သိရသည်။
ယနေ့ ဇူလိုင်လ ၁၇ ရက် နံနက် ၁၁ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ် ဖြင့် တကန်သာကျေးရွာအပါအဝင်အနီးနားရှိကျေးရွာများကို ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကျေးရွာနေပြည်သူလူထု အမြောက်အများထွက်ပေးနေရပြီး လူအုပ်စုမြင်မြင်သမျှသကို လိုက်လံပစ်ခတ်သတ်ဖြတ်နေခြင်း ဖြစ်ကြောင်း သိရသည်။
“ ရွာထဲကို လေယာဉ်ပေါ်ကနေ မီးလောင်ဗုံးတွေကျဲချနေ တာ၊ အိမ်ကြီး၊အိမ်ကောင်းတွေအတော်တော်များများမီးလောင်နေတာ တွေ့ရတယ်၊ လူအုပ်စုမြင်တာနဲ့ လေယာဉ်နဲ့လိုက်ပစ်နေတာ၊ ငိုတဲ့သူကငို၊ ပြေးတဲ့သူကပြေးနဲ့ပြည်သူတွေမှာ အတော်ကို ဒုက္ခရောက်နေ ကြတယ်၊ သက်ကြီးရွယ်အိုတွေရော၊ ကျွဲတွေ၊နွားတွေရောဆိုတော့ လူကလည်း အုပ်စု၊ အုပ်စုနဲ့ဖြစ်နေ တာ၊ အဲဒါမြင်ရင် လိုက်ပစ်တာ၊” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အကြမ်းဖက်စစ်တပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်နေသည်မှာ ညနေပိုင်းအထိဖြစ်ပြီး သေဆုံးထိခိုက်၊ ပျက်စီးမှုအခြေအနေကို မသိရသေးကြောင်း၊ ကျေးရွာနေပြည်သူများမှာ တောတောင် ထဲ၌ ပုန်းခိုနေကြရကြောင်း သိရသည်။
Source – Khit Thit Media