ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာပြီးခဲ့တဲ့တနင်္ဂနွေနေ့ကနေပြည်တော်ကိုတိတ်တဆိတ်လာရောက်ပြီးမတရားဖမ်းဆီးအကျဉ်းချခံနေရတဲ့လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရသွားတယ်လို့ထိုင်းအစိုးရကထုတ်ပြန်လိုက်တယ်။တနာရီကျော်ကြာတွေ့ဆုံခွင့်ရလိုက်ပြီးဘာတွေဆွေးနွေးသွားတယ်ဆိုတာတော့မပြောသေးဘူး။ဒါပေမယ့်ထိုင်းမီဒီယာတစ်ခုကတော့ဒေါ်အောင်ဆန်းစုကြည်ဟာNUGနဲ့PDFကိုမထောက်ခံဘူးလို့ဖော်ပြထားတာတွေ့ရတယ်။ထိုင်းနိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်တော့ထိုကဲ့သို့ပြောသံမကြားသေးဘူး။
တကယ်ဆိုရင်ထိုင်းနိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်ပြောလဲဒေါ်အောင်ဆန်းစုကြည်အကျဉ်းချခံထားရတဲ့အခြေအနေမှာယုံကြည်ရတဲ့အနေအထားမှာမရှိပဲသူ့ရဲ့တဖက်သတ်ပြောဆိုချက်သာဖြစ်နေမှာပဲ။ထိုသတင်းနဲ့ပတ်သက်ပြီးNUGကတော့ထိုတွေ့ဆုံမှုဟာတရားဝင်ခြင်းမရှိလို့တုန့်ပြန်ထားပြီးစစ်ကောင်စီဖက်ကတော့တစုံတရာမပြောသေးဘူး။
ဇွန် ၂၈၊ ၂၀၂၅။ (သောကြာ)
ကရင်နီပြည်နယ်မိုးဗြဲမြို့ကို စစ်တပ်ကအင်အားအလုံးအရင်းနဲ့ ထပ်မံတိုက်ခိုက်လာပါတယ်။မိုးဗြဲမြို့ကိုစစ်တပ်က အကြိမ်ကြိမ်ထိုးစစ် ဆင်နေပေမယ့်အခုချိန်ထိတော့မရရှိသေးပါဘူး။တချိန်ထဲမှာပဲ...