ကချင်ပြည်နယ်ကေအိုင်ကေဌာနချုပ်လိုင်ဇာမြို့အနီးမှာစစ်ကောင်စီတွေအမြားအပြားထပ်မံရောက်ရှိနေယ်။တပ်ရင်း၁၀ရင်းစာစုစုပေါင်းအင်အား၁၀၀၀ကျော်ခန့်ရှိနေပြီးတချို့တောထဲမှာတပ်ဖျောက်ထားတယ်။ဒါဟာ၂၀၂၁ခုနှစ်ကအလော့ဘွမ်တိုက်ပွဲတွေဖြစ်ပွားပြီးနောက်ကချင်ပြည်နယ်မှာစစ်တပ်ကအေအိုင်အေနဲ့ဒုတိယအကြိမ်အင်အားထောင်ကျော်နဲ့ထိပ်တိုက်ရင်ဆိုင်ထားတာပဲ။ခုချိန်ထိကချင်ပြည်နယ်တခြားဒေသကအင်းအားတွေဆက်လက်ဝင်ရောက်နေတယ်။တိုက်ပွဲကြီးတွေမဖြစ်သေးပေမယ့်အင်းအားဖြည့်နေတဲ့စစ်ကောင်စီတပ်တွေကိုကြားဖြတ်တိုက်ခိုက်တဲ့တိုက်ပွဲတွေတော့ဖြစ်နေပြီ။ထိုဒေသကိုစစ်ကောင်စီကပြန်လည်ထိန်းချုပ်ချင်တာဟာလိုင်ဇာကိုသိမ်းဖို့ထပ်စစ်ကိုင်းတိုင်းနဲ့ကေအိုင်အေကြားကလမ်းကြောင်းကိုဖြတ်တောက်ဖို့ဖြစ်နိုင်တယ်လို့စစ်ရေးကျွမ်းကျင်သူတွေကသုံးသပ်ထားကြတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


