အကြမ်းဖက်စစ်ကောင်စီက စီးပွားရေးပိတ်ဆို့မှုများကြောင့် အမေရိကန်ဒေါ်လာ ပြတ်လပ်နေသည့်အတွက် သွင်းကုန်တင်သွင်းမှုအများစုကို ပိတ်ပင်မည်ဖြစ်ပြီး စက်သုံးဆီနှင့် စားသုံးဆီ တင်သွင်းမှုကိုလည်း အကြီးအကျယ်လျှော့ချမယ်လို့သိရတယ်။အခုနောက်ဆုံး ချမှတ်လိုက်တဲ့ ဘဏ်တွေအပေါ် စီးပွားရေးပိတ်ဆို့မှုကြောင့် ဒေါ်လာ အဝင်အထွက် အလွန်ခက်ခဲနေပြီးစစ်ကောင်စီဟာ ဒေါ်လာ ပြတ်လပ်လာတယ်။ဒါကြောင့်အမေရိကန်ဒေါ်လာ မပြတ်လပ်စေဖို့အတွက် သွင်းကုန်သမားတွေေ အကျပ်ကိုင်နေပြီ။ လိုင်စင်တွေ မပေးတော့ဘူး။ ပို့ကုန်သမားတွေဆီက ဒေါ်လာတွေကိုလည်း မတရားယူနေပြီ။
စစ်ကောင်စီက သွင်းကုန်များအားလုံးကို ပိတ်ပင်သည့်ပုံစံမျိုးဆောင်ရွက်မည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ပြည်ပမှ သွင်းကုန် စုစုပေါင်း ဒေါ်လာ ၁၈ ဘီလီယံဖိုး ဝန်းကျင် တင်သွင်းမှုကို အမေရိကန်ဒေါ်လာ ၉ ဘီလီယံ ဝန်းကျင်အောက်သာ မရှိမဖြစ် သွင်းကုန်များကို တွက်ချက်၍ တင်သွင်းခွင့်ပြုမည်ဖြစ်ပြီး စက်သုံးဆီနှင့် စားသုံးဆီတင်သွင်းမှုကို ၅၀ ရာခိုင်နှုန်းကျော် လျှော့ချမည်ဖြစ်ကြောင်း သိရတယ်။
မြန်မာနိုင်ငံမှာစက်သုံးဆီတစ်နှစ်လျှင်အမေရိကန်ဒေါ်လာ၂ဘီလီယံကျော်တင်သွင်းလျက်ရှိပြီးစစ်ကောင်စီက စက်သုံးဆီကိုဒေါ်လာ၁ဘီလီယံဝန်းကျင်သာတင်သွင်းတော့မယ်ဆိုတော့ခုလောလောဆယ်ငြိမ်နေတဲ့စက်သုံးဆီတွေမကြာခင်တက်လာလိမ့်မယ်ထင်တယ်။