စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်ထဲမှာဈေးရောင်းဖို့မနက်စောစောထွက်လာတဲ့ဈေးသယ်၇ဦးကိုစစ်သူပုန်တွေကလမ်းမှာပဲပစ်သတ်ခဲ့တယ်။ပစ်သတ်ခံရတဲ့သူတွေဟာသာမာန်ဈေးသည်တွေသာဖြစ်ပြီးကားပေါ်မှာဈေးရောင်းရမယ့်ပစ္စည်းတွေပါလာသေးတယ်။ဒါကိုစစ်သူပုန်တွေကအကြောင်းမဲ့ရက်ရက်စက်စက်ပစ်သတ်သွားတာပါ။ပစ်သတ်ခံရတဲ့ဓာတ်ပုံတွေကိုကြည့်ရတာရင်ထဲဘယ်လိုမှနေလို့မကောင်းဘူး။ဒီလိုအပစ်မဲ့ပြည်သူတွေကိုအကြောင်းပြချက်မရှိထင်သလိုသတ်ဖြတ်နေတဲ့စစ်အုပ်စုဟာအခုချိန်ထိပန်းပန်လျက်ရှိနေတာကိုလဲအံဩလို့မဆုံးဘူး။ထိုစစ်သူပုန်စစ်ကြောင်းဟာပြည်သူ၁၄ဦးကိုလဲလူသားဒိုင်းအဖြစ်ဖမ်းခေါ်သွားသေးတယ်။လူသားဒိုင်းအဖြစ်ခေါ်ဆောင်သွားခြင်းခံရတဲ့ပြည်သူတွေရဲ့အသက်ဟာလဲအာမခံချက်မရှိဘူး။သူတို့လိုရာရောက်ရင်မထင်ရင်မထင်သလိုပစ်သတ်ခဲ့သေးတယ်။ဒီလိုယုတ်မာရက်စက်တဲ့စစ်ခွေးတွေကိုဘယ်ဘုရားမှပစ်ဒဏ်မခတ်ကြတော့ဘူးလား။
မီးစာကုန် ဆီခန်းလာသည့် နိုင်ငံ
မြန်မာနိုင်ငံသားတဦးအတွက် လျှပ်စစ်မီး မလာခြင်း၊ လျှပ်စစ်မီး မမှန်ခြင်း၊...