ချင်းပြည်နယ်ဘက်မှာဟားခါးမြို့ကနေထန်ထလန်မြို့ကိုစစ်ကြောင်းထိုးချီတက်နေတဲ့စစ်ကောင်စီတပ်တွေဟာတော်လှန်ရေးအဖွဲ့တွေရဲ့အပြင်းအထန်ခုခံမှုကြောင်းရှေ့ဆက်မတိုးနိုင်တော့ပဲတပ်ပြန်ခေါက်သွားရတယ်လို့သိရတယ်။ပြီးခဲ့တဲ့လဆန်းပိုင်းကတည်းကတော်လှန်ရေးအဖွဲ့တွေထိန်းချုပ်ထားတဲ့ထန်တလန်မြို့ကိုအင်အားဖြည့်ဖို့လက်နက်ကြီးပစ်ကူ၊လေကြောင်းပစ်ကူတွေအလုံးအရင်းသုံးပြီးဖြေးဖြေးချင်းရှေ့တိုးလာခဲ့တာပါ။ဒါပေမယ့်ခုခံတိုက်ခိုက်မှုတွေကြောင့်ထင်သလောက်ခရီးမပေါက်ပဲတလခန့်အကြာမှာရည်မှန်းချက်ကိုမရောက်နိုင်တော့ပဲတပ်ပြန်ခေါက်သွားရတယ်။
ဒါ့အပြင်ချင်းပြည်နယ်မှာစစ်ကောင်စီသံချပ်ကာကားနှစ်စီးကိုဖျက်စီးနိုင်ခဲ့တဲ့ချင်းကာကွယ်ရေးတပ်ဖွဲ့တွေကိုNUGကတစ်စီးကိုသိန်းနှစ်ထောင်နှုန်းနဲ့စုစုပေါင်းသိန်းလေးထောင်းချီးမြှင့်ခဲ့တယ်။NUGကစစ်ကောင်စီရဲ့တင့်ကား၊သံချပ်ကာကား၊လေယာဉ်တွေကိုဖျက်စီးနိုင်မှုနဲ့ပတ်သက်ပြီးဆုငွေကြေငြာထားတာကြာပါပြီ။ဒါဟာပွဲဦးထွက်ဆုငွေချီးမြှင့်နိုင်မှုတစ်ခုပါပဲ။
ဇူလိုင် ၂၁၊ ၂၀၂၄။ (တနင်္ဂနွေ)
တရုတ်ရဲ့ဖိအားပေးမှုကြောင့်ကိုးကန့်တပ်တော်MNDAAကဒီလကုန်ထိအပစ်ရပ်ဦးမယ်လို့ကြေညာလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်တွေကလဲတရုတ်မှာညီလာခံရှိလို့ဆိုပြီးလေးရက်ကြာတဖက်သတ်အပစ်ရပ်ပြီးပြီ။အခုလဲထပ်ပြီးအပစ်ရပ်ရဦးမယ်တဲ့။ တရုတ်ဟာ၁၀၂၇စစ်ဆင်ရေးအပိုင်း၂ဆင်နွဲနေတဲ့မြောက်ပိုင်းမဟာမိတ်တပ်တွေကိုနည်းလမ်းမျိုးစုံသုံးပြီး ဖိအားပေးနေပါတယ်။MNDAAအဖွဲ့လားရှိုးကိုစတိုက်တဲ့ဇူလိုင်၃ရက်နေ့ကစပြီးလောက်ကိုင်မြို့ကိုလျပ်စစ်မီးတွေဖြတ်တောက်ခဲ့တယ်။ဒါ့အပြင်MNDAAထိန်းချုပ်ထားတဲ့နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုလဲတရုတ်ဘက်ကပိတ်ပစ်ခဲ့တယ်။အခုလဲမကြာခဏအပစ်ရပ်ခိုင်းနေပြန်ပြီ။ တရုတ်ဟာတော်လှန်ရေးအဖွဲ့တွေဘက်ရောစစ်ကောင်စီဘက်ကိုပါပြိုင်တူဖိအားပေးပြီးသူလိုချင်တဲ့လမ်းကြောင်းကို ရောက်အောင်ပုံသွင်းနေပါတယ်။စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုလဲ...