တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတဲ့ကရင်နီပြည်နယ်၊မယ်စဲဒေသမှာစစ်တပ်ကလေယာဉ်တစီးကိုတော်လှန်ရေးအဖွဲ့တွေကပစ်ချနိုင်ခဲ့ပါတယ်။စစ်ကောင်စီဟာမယ်စဲမြို့ကိုပြန်လည်ရရှိရေးအတွက်လက်နက်ကြီးနဲ့လေကြောင်းပစ်ကူအလုံးအရင်းသုံးကာတိုက်ခိုက်လျက်ရှိတယ်။ထိုတိုက်ပွဲတွေအတွင်းမှာစစ်တပ်ဖက်ဗုံးကြဲဖို့အနိမ့်ပျံသန်းလာတဲ့တိုက်ခိုက်ရေးလေယာဉ်တစ်စီးကိုတော်လှန်ရေးအဖွဲ့တွေကလက်နက်ငယ်တွေနဲ့ပဲပစ်ချနိုင်ခဲ့တယ်လို့သိရတယ်။ပျက်ကျသွားတဲ့လေယာဉ်ဟာအပေါ့စားအမောင်းသင်တိုက်ခိုက်ရေးလေယာဉ်တစ်စီးဖြစ်ပြီးသံလွင်မြစ်ကမ်းဘေးမှာပျက်ကျသွားတယ်။ထိုနေရာကိုစစ်တပ်ကရဟတ်ယာဉ်၃စီးလောက်နဲ့ဝိုင်းရံထားလို့အထောက်အထားတွေတော့မရနိုင်သေးဘူး။ဘာပဲပြောဒါဟာလဲတော်လှန်ရေးကာလမှာစစ်တပ်ဖက်ကလေယာဉ်တစ်စီးကိုပထမဆုံးပစ်ချနိုင်ခြင်းလို့ပြောလို့ရတယ်။
သြဂုတ် ၃၀၊ ၂၀၂၅။ (စနေ)
တရုတ်နိုင်ငံရဲ့ဖိအားကို အပြင်းအထန်ရင်ဆိုင်နေရတဲ့မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ MNDAAနဲ့TNLAနှစ်ဖွဲ့လုံး အခြေအနေသိပ်မကောင်းပါဘူး။MNDAA ဘက်ကတစ်စုံတရာမထုတ်ပြန်သေးပေမယ့်...