အဏာသိမ်းစစ်ကောင်စီကို တန်ပြန်ထိုးစစ်ဆင်ပြီး စစ်ရေးအရှိန်အဟုန်မြှင့်တင်ရန်အတွက် အဓိကလမ်းမကြီးများကို ညပိုင်းအချိန်သွားလာခွင့်ကို တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲက ကန့်သတ်လိုက်ပြီ။ညအချိန်သွားခွင့်တားမြစ်ထားသည့် လမ်းပိုင်းများမှာ ကုန်သွယ်ရေးအချက်အခြာကျသည့် ရန်ကုန် – မန္တလေး အမြန်လမ်း၊ ရန်ကုန် – မန္တလေးလမ်းဟောင်း၊ ပဲခူး – စစ်တောင်းလမ်းပိုင်း၊ မွန်ပြည်နယ်အတွင်းရှိ ရန်ကုန် – မုတ္တမလမ်းပိုင်း၊ ရန်ကုန် – ဘားအံလမ်းပိုင်းတို့ ဖြစ်တယ်။ထိုလမ်းပိုင်းများကို ညနေ ၆နာရီမှ နံနက် ၆နာရီအတွင်း သွားလာခြင်းမပြုရန်၊ နေ့အချိန်တွင်လည်း မော်တော်ယာဉ်များ မှတ်ချမောင်းနှင့်ရန်နှင့် တာဝန်အရ စစ်ဆေးခြင်းကို ကြည်ဖြူစွာလက်ခံရမည်လို့ ထုတ်ပြန်ထားသည်။
မြန်မာပြည်အောက်ပိုင်းရေး-ထားဝယ်လမ်းမကြီးကိုတော်လှန်ရေးအဖွဲ့တွေစိုးမိုးမှုယူပြီးနောက်နိုင်ငံရဲ့အချက်အခြာအကျဆုံးနောက်ထပ်လမ်းပိုင်းတွေကိုစိုးမိုးနိုင်ဖို့စတင်ကြိုးစားမှုတစ်ခုဖြစ်တယ်။အခုထုတ်ပြန်လိုက်တဲ့လမ်းမကြီးတွေဟာစစ်ကောင်စီရဲ့အပြည့်အဝထိန်းချုပ်မှုအောက်မှာရှိနေပြီးပတ်ဝန်းကျင်နယ်မြေတွေမှာတော်လှန်ရေးမရှိသေးဘူး။အရင်ဆုံးပတ်ဝန်းကျင်နယ်မြေတွေကိုနယ်မြေစိုးမိုးနိုင်ဖို့လိုလိမ့်မယ်။