ကရင်နီပြည်နယ်၊မယ်စဲမြို့သိမ်းတိုက်ပွဲမှာတော်လှန်ရေးအဖွဲ့တွေအောင်ပွဲရလိုက်ပြီးမြို့ကိုထိန်းချုပ်နိုင်လိုက်ပါပြီ။ထိုမြို့မှာနောက်ဆုံးကျန်နေတဲ့စစ်ကောင်စီတပ်ဟာတပ်ရင်းမှုး၊ဒုတပ်ရင်းမှုးတွေပါအပါအဝင်တပ်ရင်းတရင်းလုံးလက်နက်ချခဲ့တယ်။အရေအတွက်အတိအကျမသိရပေမယ့်အင်အား၁၀၀ကျော်လက်နက်ချခဲ့တယ်လို့သတင်းတွေကဆိုတယ်။စစ်သူပုန်တပ်တွေဟာစစ်မြေပြင်ဆီစစ်ကူအချိန်မှီမပို့ပေးနိုင်တဲ့အပြင်တော်လှန်ရေးအဖွဲ့တွေရဲ့ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခြင်းကိုခံနေရတာကြောင့်နောက်ဆုံးမှာအခုလိုလက်နက်ချလိုက်ရတာပဲ။ဒါဟာနွေဦးတော်လှန်ရေးကာလမှာပထမဆုံးတပ်ရင်းလိုက်စစ်တပ်ဖက်ကအညံခံလိုက်ရတဲ့ပွဲပဲ။နောက်ပိုင်းမှာစစ်တပ်ဖက်ကတပ်ရင်းလိုက်လက်နက်ချအညံခံမှုတွေဆက်လက်ရှိလာနိုင်တယ်လို့ထင်မြင်ချက်တွေထွက်လာပေမယ့်ထင်သလောက်မလွယ်ပါဘူး။အခုလိုအသေခံဖို့ကလွဲပြီးရွေးချယ်စရာလုံးဝမရှိမှသူတို့ဘက်ကအညံခံမှာပါ။ထိုအခြေအနေမျိုးကိုရောက်အောင်တော်လှန်ရေးအဖွဲ့တွေကတိုက်ပွဲတိုင်းမှာကြိုးစားရမှာပါ။
ဘာပဲဖြစ်ဖြစ်မယ်စဲဒေသမှာရရှိလိုက်တဲ့အောင်ပွဲတွေဟာနွေဦးတော်လှန်ရေးအတွက်ချိုမြိန်တဲ့သတင်းတွေပါပဲ။ပထမဒေသခံနယ်ခြားစောင့်အဖွဲ့ကဘက်ပြောင်းလာတယ်။ပြီးတော့စစ်သူပုန်တွေတပ်ရင်းလိုက်လက်နက်ချရတယ်။မြို့ကိုလဲအလုံးစုံထိန်းချုပ်နိုင်လိုက်တယ်။ဒီလိုဖြစ်ရပ်မျိုးတခြားအီးအေအိုကြီးတွေရှိတဲ့ကချင်နဲ့ကရင်နဲ့ရခိုင်မှာတောင်မရှိသေးဘူး။ကရင်နီပြည်နယ်ရဲ့စစ်ရေးတိုးတက်မှုနှုန်းကမြန်ဆန်လှတယ်။