အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဘဏ် ၂ ခုဖြစ်တဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်တို့ကို အမေရိကန်ကစီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့လိုက်တယ်။ထိုဘဏ်နှစ်ခုဟာနိုင်ငံပိုင်စီးပွားရေးလုပ်ငန်းကြီးတွေနိုင်ငံခြားငွေလည်ပတ်ဖို့နဲ့စစ်ကောင်စီလက်နက်ဝယ်ဖို့အဓိကပံ့ပိုးနေတဲ့ဘဏ်တွေဖြစ်တာကြောင်းစစ်ကောင်စီကိုအထိနာသွားစေမှာအမှန်ပဲ။စစ်ကောင်စီကတော့ထုံးစံအတိုင်းပိတ်ဆို့မှုကြောင့်ဆုံးရှုံးမှုမရှိဘူးလို့ထုတ်ပြန်ထားပေမယ့်သူတို့ရဲ့နိုင်ငံခြားငွေပေးငွေယူကိစ္စရပ်တွေကိုအများကြီးထိခိုက်နိုင်တယ်လို့ပညာရှင်တွေကခန့်မှန်းထားတယ်။စစ်ကောင်စီဘက်မှာထိခိုက်သလိုကြပ်တည်းနေတဲ့ပြည်တွင်းစီးပွားရေးအခြေအနေကိုလဲထိခိုက်လာနိုင်တယ်။အခုလောလောဆယ်တော့အမေရိကန်ကထိုကြေငြာချက်ထုတ်ပြန်လိုက်ပြီးနောက်ဒေါ်လာဈေးနဲ့ရွှေဈေးတွေခုန်တက်သွားတယ်။ဒေါ်လာဈေးရွှေဈေးတွေတက်ရင်ကုန်ဈေးနှုန်းတွေပါတက်လာမှာမို့ပြည်သူတွေမျက်ခုံးလှုပ်နေကြပြီ။မင်းအောင်လှိုင်မသေသ၍တော့ဒီဒုက္ခတွေခါးစည်းပြီးခံရဦးမှာပဲ။
ဇူလိုင် ၂၁၊ ၂၀၂၄။ (တနင်္ဂနွေ)
တရုတ်ရဲ့ဖိအားပေးမှုကြောင့်ကိုးကန့်တပ်တော်MNDAAကဒီလကုန်ထိအပစ်ရပ်ဦးမယ်လို့ကြေညာလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်တွေကလဲတရုတ်မှာညီလာခံရှိလို့ဆိုပြီးလေးရက်ကြာတဖက်သတ်အပစ်ရပ်ပြီးပြီ။အခုလဲထပ်ပြီးအပစ်ရပ်ရဦးမယ်တဲ့။ တရုတ်ဟာ၁၀၂၇စစ်ဆင်ရေးအပိုင်း၂ဆင်နွဲနေတဲ့မြောက်ပိုင်းမဟာမိတ်တပ်တွေကိုနည်းလမ်းမျိုးစုံသုံးပြီး ဖိအားပေးနေပါတယ်။MNDAAအဖွဲ့လားရှိုးကိုစတိုက်တဲ့ဇူလိုင်၃ရက်နေ့ကစပြီးလောက်ကိုင်မြို့ကိုလျပ်စစ်မီးတွေဖြတ်တောက်ခဲ့တယ်။ဒါ့အပြင်MNDAAထိန်းချုပ်ထားတဲ့နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုလဲတရုတ်ဘက်ကပိတ်ပစ်ခဲ့တယ်။အခုလဲမကြာခဏအပစ်ရပ်ခိုင်းနေပြန်ပြီ။ တရုတ်ဟာတော်လှန်ရေးအဖွဲ့တွေဘက်ရောစစ်ကောင်စီဘက်ကိုပါပြိုင်တူဖိအားပေးပြီးသူလိုချင်တဲ့လမ်းကြောင်းကို ရောက်အောင်ပုံသွင်းနေပါတယ်။စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုလဲ...