ထိုင်းနိုင်ငံဟာစစ်ကောင်စီကိုဖိတ်ကြားထားတဲ့ဆွေးနွေးပွဲတစ်ခုကိုထပ်လုပ်နေပြန်ပါပြီ။ထိုင်းမှာရွေးကောက်ပွဲပြီးတဲ့နောက်ဆက်လက်တာဝန်ယူထားတဲ့အိမ်စောင့်အစိုးရကဦးဆောင်ပြုလုပ်နေတာပါ။ဒီနှစ်ဆန်းပိုင်းကလဲထိုကဲ့သို့ဆွေးနွေးပွဲမျိုးထိုင်းအစိုးရကစစ်ကောင်စီအတွက်ပြုလုပ်ပေးသေးတယ်။အဲ့ဒီတုန်းကလဲစားသောက်ဆိုင်တစ်ခုမှဖြစ်သလိုကျင်းပခဲ့တာပါ။ဘာရလဒ်မှလဲထွက်ပေါ်လာတာမဟုတ်ဘူး။အာဆီယံနိုင်ငံကြီးတွေကလဲအသိအမှတ်မပြုကြဘူး။အခုလဲထပ်လုပ်ပြန်ပြီ။ထိုင်းအိမ်စောင့်အစိုးရနိုင်ငံခြားရေးဝန်ကြီးကတော့အလွတ်သဘောဆွေးနွေးတာပါလို့ကာကွယ်ပြောဆိုသွားတယ်။ထိုင်းနိုင်ငံရဲ့လက်ရှိအစိုးရဟာသူတို့နေရာမဖယ်ပေးရခင်ကာလလေးမှာစစ်ကောင်စီကိုလူရာသွင်းဖို့ကြိုးစားလျက်ရှိတယ်။ထိုင်းနိုင်ငံမှာလာမယ့်လမှာအစိုးရသစ်တက်လာရင်တော့စစ်ကောင်စီအတွက်မချောင်ပါဘူး။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


