ကရင်နီပြည်နယ်မှာပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်းပြီးနောက်တစ်ရက်မှာပဲပြည်နယ်အရှေ့ပိုင်းထိုင်းနိုင်ငံနဲ့ကပ်လျက်မယ်စဲ့မြို့နယ်ထဲကမြို့နယ်ရဲစခန်းနဲ့စစ်တပ်အခြေစိုက်စခန်းကုန်းသုံးခုကိုတော်လှန်ရေးအဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်လိုက်တယ်။မယ်စဲ့မြို့နယ်ဘက်မှာအရင်ကတိုက်ပွဲတွေဖြစ်လေ့မရှိပဲအခုမှတော်လှန်ရေးအဖွဲ့တွေကအလစ်အငိုက်တိုက်ခိုက်ခဲ့တာဖြစ်တယ်။တိုက်ခိုက်မှုကြောင့်စစ်တပ်ဘက်ကစခန်းမှုးအပါအဝင်ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့သိရတယ်။တော်လှန်ရေးအဖွဲ့တွေကလက်နက်ခဲယမ်းများစွာသိမ်းပိုက်ရရှိပြီးပြန်လည်ဆုတ်ခွာသွားပြီးနောက်စစ်တပ်လေကြောင်းကရောလက်နက်ကြီးတွေနဲ့ပါရမ်းသမ်းပစ်ခတ်နေတယ်။အခုတော့မယ်စဲ့မြို့နယ်အနီးဖားဆောင်မြို့ပေါ်မှာစစ်တပ်ကအင်အားအများအပြားဖြည့်တင်းထားတယ်။ကရင်နီပြည်နယ်ထဲမှာတော်လှန်ရေးအဖွဲ့တွေကစစ်တပ်ကိုအရူးမီးဝိုင်းအောင်နေရာစုံမှာစစ်မျက်နှာဖွင့်တိုက်ခိုက်လျက်ရှိတယ်။
ဖေဖော်ဝါရီ ၁၁၊ ၂၀၂၅။ (အင်္ဂါ)
စစ်ကောင်စီဟာတော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးတဲ့ဒေသတွေကိုလေကြောင်းမှ တိုက်ခိုက်ရာမှာစက်တပ်လေထီးတွေကိုအသုံးပြုလာပါတယ်။စက်တပ်လေထီးတွေဟာ ထိရောက်မှုအားနည်းတာကြောင့်တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာ မသုံးပဲအရပ်သားပြည်သူတွေကို...