ပီးခဲ့တဲ့ရက်တွေကစစ်ကိုင်းမြို့နယ် စစ်ကိုင်း – မုံရွာကားလမ်းပေါ်က ဆားတောင်မြို့ပေါ်ကို တော်လှန်ရေး ရဲဘော်တွေတက်ရောက်လာပြီးအင်အားပြခဲ့တယ်။အဲ့ဒီတုန်းမြို့ထဲမှာရှိနေတဲ့စစ်ခွေးတွေအကုန်အမြှီးလေးကုတ်ပြီးမလှုပ်ရဲကြဘူး။တော်လှန်ရေးရဲဘော်တွေပေါ်ပေါ်ထင်ထင်သေနတ်ကိုင်ပြီးတမြို့လုံးပတ်ခဲ့ကြတယ်။ဒါပေမယ့်နောက်ရက်တွေကစပြီးစစ်ခွေးတွေကလက်နက်မဲ့ပြည်သူတွေကိုပစ်မှတ်ထားရန်ပြုကာဆားတောင်မြို့အနီးဝန်းကျင်ရွာစဉ်ပတ်မွှေအကြမ်းဖက်သောင်းကျန်းနေတယ်။စစ်ခွေးတွေဟာစစ်ကိုင်းမြို့နဲ့၁၀မိုင်ခန့်သာဝေးကွာတဲ့ ဆားတောင်မြို့နဲ့ အနီးဝန်းကျင် ရွာတွေကို အင်အား၁၀၀လောက်နဲ့ စီးနင်းကာ ပြည်သူတွေကို ရန်ပြုဖမ်းဆီးပြီး ရွာမီးရှို့၊ လုယက် သောင်းကျန်းနေတာပါ။ပြည်သူတွေကိုလည်း ဓားစာခံ ဖမ်းထားတယ်။အကြမ်းဖက် စစ်ခွေးများရဲ့ မီးရှို့မှုကြောင့် အိမ်ခြေ(၆၀၀)ကျော် ပျက်စီးဆုံးရှုံးခဲ့ရပြီး စစ်ရှောင်ပြည်သူများအတွက် အရေးပေါ် ကူညီရန် လိုအပ်နေပါတယ်။
တော်လှန်ရေးအဖွဲ့တွေဖက်ကလဲဘာအကျိုးမှမရှိပဲနဲ့မြို့ပေါ်တက်အင်အားမပြသင့်ဘူး။အခုတော့အွန်လိုင်းပေါ်မှာကြည့်ကောင်းခဲ့ပေမယ့်မြေပြင်စစ်အုပ်စုကပတ်ရမ်းတော့ထိထိရောက်ရောက်မကာကွယ်ပေးနိုင်တော့ဘူးလေ။နောက်ဆုံးတော့ကိုယ့်ပြည်သူတွေပဲနစ်နာတာပေါ့။