ကရင်နီပြည်နယ်မှာပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်းလိုက်ပြီ။ဒီနှစ်ဆန်းကတည်းကပြည်နယ်တစ်ခုလုံးနီးပါးမှာစစ်ရေးပြင်းထန်နေတဲ့ကြားကအခုလိုအုပ်ချုပ်ရေးကောင်စီဆိုတာဖြစ်ပေါ်လာတာပဲ။ကရင်နီပြည်နယ်မှာလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေများပေမယ့်ပြန့်ကျဲမနေပဲစုစုစည်းစည်းစစ်ကောင်စီကိုတိုက်ပွဲဝင်နေတဲ့အတွက်အုပ်ချုပ်ရေးယန္တရားဖော်ဆောင်ဖို့တခြားဒေသတွေထပ်ပိုမိုလွယ်ကူသွားတယ်။အုပ်ချုပ်ရေးမှတဆင့်ဥပဒေပြုရေး၊တရားစီရင်ရေးစတာတွေကိုဆက်လက်ဖော်ဆောင်သွားဖို့ရည်ရွယ်တယ်။ကရင်နီပြည်နယ်မှာစစ်ကောင်စီရဲ့ယန္တရားဟာလွိုင်ကော်မြို့ပေါ်လောက်မှာသာကျန်တော့ပြီးတပြည်နယ်လုံးနီးပါးကိုတော်လှန်ရေးအဖွဲ့တွေထိန်းချုပ်ထားနိုင်ပြီ။ခုလောလောဆယ်တော့မိုးဗြဲမြို့ကိုထိန်းချုပ်ဖို့ကြိုးစားနေတဲ့စစ်ကောင်စီတပ်တွေနဲ့တော်လှန်ရေးအဖွဲ့တွေတိုက်ပွဲပြင်းထန်နေတယ်။
ကရင်နီပြည်နယ်ကတော့နိုင်ငံရေးအရတဆင့်တက်သွားပြီပေါ့။