ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ရှိ စစ်ကောင်စီလက်အောက်ခံ နေရာ ငါးခုကိုမနေ့ က KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များက တစ်ပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်။အဓိကရည်ရွယ်ချက်ကတော့နတ်သံကွင်းစစ်တောင်းမြစ်ကူးတံတားအားဖြိုချဖျက်ဆီးနိုင်ဖို့ပဲ။တိုက်ခိုက်မှုအတွင်း စစ်ကောင်စီမှ လေကြောင်းနဲ့လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်။စစ်ကောင်စီဘက်က ဗျူဟာမှူးတစ်ဦးနဲ့ဗိုလ်ကြီးတစ်ဦးအပါအဝင်ကနဦးသိရတာကကို ၃၀ကျော်သေတယ်။ ဖြူးမြို့နယ်ဆေးရုံ အရေးပေါ်ခန်းမှာဒဏ်ရာရသူတွေအပြည့်ပဲလို့သိရတယ်။တော်လှန်ရေးအဖွဲ့တွေဖက်ကတော့သုံးဦးသေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရရှိခဲ့တယ်။တိုက်ပွဲကြောင့်ဒေသခံ၁၅၀၀၀ ဝန်းကျင် စစ်ဘေးရှောင်နေရတယ်။
အဓိကရည်ရွယ်ချက်ကတော့အောင်မြင်ခဲ့ပါတယ်။စစ်ကောင်စီရဲ့အဓိကထောက်ပို့လမ်းကြောင်းကိုဖျက်ဆီးနိုင်ခဲ့တယ်။ထိုတံတားဟာစစ်ကောင်စီတပ်တွေထောက်ပို့လမ်းကြောင်းအဖြစ်အသုံးပြုနေလို့ဖျက်စီးဖို့စီစဉ်ရတာပဲ။တံတားကတော့တော်တော်ပျက်စီးသွားတဲ့အတွက် ပြင်ဆင်ဖို့ခက်ခဲနိုင်တယ်။