ရှမ်း-ကရင်နီ(ကယား)ဒေသအစပ် မိုးဗြဲ မြို့တွင် စစ်ရေးပြင်းထန်နေပြီးစစ်ကောင်စီတပ်က လက်နက်ကြီး အများအပြားဖြင့် မြို့တွင်းသို့ ပစ်ခတ်ခဲ့ရာ မဟာဓာတ်အားလိုင်းပြတ်တောက်မှု အပါအဝင် အရပ်သားထိခိုက်မှုများ နှင့် နေအိမ်ပျက်စီးမှုများရှိနေတယ်။ စစ်ကောင်စီက ဖုန်းနှင့် အင်တာနက်လိုင်းတွေဖြတ်တောက်ထားတယ်။
ကယားပြည်နယ်မှာဗျုဟာကျတဲ့မိုးဗြဲ မြို့ကိုစစ်ကောင်စီက အလုံးစုံထိန်းချုပ်နိုင်ရေး အတွက် လမ်းတွေ နှင့် ကုန်သွယ်ရေးလမ်း ကြောင်းများကိုပါပိတ်ဆို့ဖို့လုပ်လာတယ်။မိုးဗြဲ မြို့ကို စကစ ဘက်က အလုံးစုံ တိုက်ပွဲတစ်ခု လာတော့မယ်ထင်တယ်။ အဲဒါကြောင့် ဒီရက်ပိုင်းမှာ မိုးဗြဲ မြို့တွင်းထဲ ကို လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ထုနေတယ်။အရပ်သားတွေ ပြေးရင်ပြေး မပြေးရင်သေ ဆိုတဲ့ပုံစံမျိုးပေါ့။