စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်က စစ်အုပ်စုကို ပြောက်ကျားနည်းနဲ့ တိုက်ခိုက်ပြီး စစ်ရေးမစ်ရှင်တွေ ဆက်တိုက် လုပ်ဆောင်နေတဲ့ မုံရွာ Area 71 PDF တပ်ဖွဲ့စခန်း ဒီမနက်ပိုင်း စစ်အုပ်စုရဲ့ စီးနင်းမီးရှို့ ဖျက်ဆီးတာ ခံခဲ့ရပြီး ရဲဘော်တွေ လွတ်မြောက်ပေမယ့် စုဆောင်ထားတဲ့ လက်နက်ခဲယမ်းတွေ အပါအဝင် ကျပ်သိန်း(၃၀၀)ခန့် ဆုံးရှုံးသွားတယ်။မနက်ပိုင်း စစ်အုပ်စုက ပြည်သူတချို့ကို ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းခေါ်လာပြီးနောက် စခန်းကို တွေ့ရှိလို့ မီးရှိ့ဖျက်ဆီးသွားပြီး လူသားဒိုင်း ဖမ်းခေါ်လာတဲ့ ပြည်သူတစ်ဦးကိုပါ စခန်းနဲ့အတူ မီးရှို့သတ်ဖြတ်သွားတယ်။PDF ရဲဘော်တွေအနေနဲ့ ထိခိုက်မှု မရှိပေမယ့် စခန်းတစ်ခုလုံး ဆုံးရှုံး လိုက်ရတယ်။စခန်း မီးရှို့ဖျက်ဆီးခံရမှုကြောင့် စုဆောင်းထားတဲ့ လက်ခဲယမ်းတွေလည်း ဆုံးရှုံးလိုက်ရတယ်။
စစ်ကိုင်းနဲ့မကွေးမှာအခုလိုမျိုးPDFစခန်းတွေစီးနင်းခံနေရတာဒါဥပမာတစ်ခုပဲရှိသေးတယ်။တော်လှန်ရေးအဖွဲ့တွေအတွက်စခန်းတစ်ခုစီးနင်းခံရပြီးပျက်စီးသွားရင်ဆုံးရှုံးမှုကအင်မတန်ကြီးမားတယ်။သူတို့ခင်မျာပြည်သူတွေလှူဒါန်းထားတာလေးတွေကိုမူးစုပဲစုပြီးတည်ဆောက်ထားရတာလေ။တဖက်မှာNUGကလက်နက်တွေတပ်ဆင်ပေးနေပေမယ့်တဖက်မှာလဲအခုလိုစခန်းတွေဖျက်စီးခံနေရတာကြောင့်အခြေအနေကတော့သိပ်မကောင်းသေးဘူး။