လီလီနိုင်ကျော်ပစ်ခတ်လုပ်ကြံခံရပြီးနောက်စစ်တပ်ကိုထောက်ခံသူတွေအသိုင်းအဝိုင်းမှာဂယက်တွေထနေတယ်။လေးရက်အတွင်းစစ်တပ်ထောက်ခံသူအမျိုးသားရေးအစွန်းရောက်နှစ်ဦးသေဆုံးသွားတာကိုး။လီလီနိုင်ကျော်မတိုင်ခင်ကလဲစစ်တပ်အစွန်းရောက်ထောက်ခံတဲ့တင့်လွင်ဆိုသူတစ်ဦးလက်ဖက်ရည်ဆိုင်ထိုင်နေတုန်းပစ်ခတ်ခံရလို့သေဆုံးသွားသေးတယ်။သူဆိုရင်ပထမအကြိမ်လုပ်ကြံခံရပြီးမသေပဲအခုမှငရဲရောက်သွားတာပဲ။
ဒါကြောင့်စစ်တပ်ထောက်ခံသူအသိုင်းအဝိုင်းမှာကိုယ့်အလှည့်ဘယ်တော့လာမလဲကြောက်ရွံ့နေကြပြီ။တချို့တွေကနေပြည်တော်ကိုပြောင်းပြေးကြတယ်။တချို့တွေကတော့လက်နက်ပေးဖို့၊အစောင့်အရှောက်ပေးဖို့တောင်းဆိုကြတယ်။သူတို့တွေကိုလက်နက်ပေးလဲဘာမှထူးမယ်မထင်ဘူး။UGတွေကသေချာစောင့်ကြည့်ပြီးမှအလစ်အငိုက်ကိုလုပ်ကြံတာလေ။သေနတ်တောင်ထုတ်ချိန်ရမှာမဟုတ်ဘူး။ဆောင်ထားတဲ့လက်နက်တောင်ပါသွားဦးမယ်။အစောင့်အရှောက်ပေးဖို့ကလဲစစ်တပ်ကသူ့ဘာသာသူတောင်လူအင်အားမလောက်ဖြစ်နေတဲ့အတွက်သူတို့လိုလူမျိုးကိုပေးမှာဟုတ်ဘူး။ဒီအချက်တွေကိုသူတို့ကိုယ်တိုင်လဲသိတယ်။အဲ့ဒီတော့အရူးမီးဝိုင်းနေကြပြီလေ။