မွန်ပြည်နယ်၊ကျိုက်ထိုမြို့ကရွာပေါင်း၂၅ရွာအသုံးပြုနေတဲ့ရွာချင်းဆက်အကြမ်းဖက်စစ်တပ်ကဖျက်စီးသွားတယ်။ဒီတခေါက်ဖျက်စီးတာငါးခေါက်မြောက်ဖြစ်ပြီးညပိုင်းမှာအင်အား၆၀ခန့်နဲ့လာရောက်ဖျက်စီးသွားတာဖြစ်တယ်။မြို့ကိုနှစ်ခြမ်းခွဲချင်တဲ့ရည်ရွယ်ချက်နဲ့ဖျက်စီးသွားတာလို့ဒေသခံတွေကပြောကြတယ်။ဟိုအရင်ရက်ကလဲကော့ကရိတ်မြို့အဝင်လမ်းတွေကိုဖျက်စီးသွားသေးတယ်။
ဒါကိုကြည့်မယ်ဆိုရင်စစ်တပ်ဟာသူတို့ဆီလာမယ့်လမ်းတွေကိုပါဖျက်စီးပြီးခံစစ်ပြင်နေရပြီ။ဒါမျိုးကိုအရင်ကအင်အားနည်းတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာစစ်တပ်လာတိုက်မှာကြောက်လို့လုပ်ခဲ့ကြပေမယ့်အခုစစ်တပ်ကိုယ်တိုင်ကဒီလိုပုံစံမျိုးပြန်လုပ်နေရပြီဆိုတော့သူတို့အင်အားနည်းတာပိုမိုပေါ်လွင်လာပြီဖြစ်တယ်။
ဇူလိုင် ၂၁၊ ၂၀၂၄။ (တနင်္ဂနွေ)
တရုတ်ရဲ့ဖိအားပေးမှုကြောင့်ကိုးကန့်တပ်တော်MNDAAကဒီလကုန်ထိအပစ်ရပ်ဦးမယ်လို့ကြေညာလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်တွေကလဲတရုတ်မှာညီလာခံရှိလို့ဆိုပြီးလေးရက်ကြာတဖက်သတ်အပစ်ရပ်ပြီးပြီ။အခုလဲထပ်ပြီးအပစ်ရပ်ရဦးမယ်တဲ့။ တရုတ်ဟာ၁၀၂၇စစ်ဆင်ရေးအပိုင်း၂ဆင်နွဲနေတဲ့မြောက်ပိုင်းမဟာမိတ်တပ်တွေကိုနည်းလမ်းမျိုးစုံသုံးပြီး ဖိအားပေးနေပါတယ်။MNDAAအဖွဲ့လားရှိုးကိုစတိုက်တဲ့ဇူလိုင်၃ရက်နေ့ကစပြီးလောက်ကိုင်မြို့ကိုလျပ်စစ်မီးတွေဖြတ်တောက်ခဲ့တယ်။ဒါ့အပြင်MNDAAထိန်းချုပ်ထားတဲ့နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုလဲတရုတ်ဘက်ကပိတ်ပစ်ခဲ့တယ်။အခုလဲမကြာခဏအပစ်ရပ်ခိုင်းနေပြန်ပြီ။ တရုတ်ဟာတော်လှန်ရေးအဖွဲ့တွေဘက်ရောစစ်ကောင်စီဘက်ကိုပါပြိုင်တူဖိအားပေးပြီးသူလိုချင်တဲ့လမ်းကြောင်းကို ရောက်အောင်ပုံသွင်းနေပါတယ်။စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုလဲ...