မိုခါမုန်တိုင်းဝင်ရောက်မှုကြောင့်ရခိုင်ပြည်နယ်မြောက်ပိုင်းကရိုဟင်ဂျာဒုက္ခသည်စခန်းတွေအားလုံးနီးပါးပျက်စီးသွားပြီးဒုက္ခသည်စခန်းကရိုဟင်ဂျာလူမျိုးတွေသေဆုံးမှုတွေရှိခဲ့တယ်လို့သိရတယ်။စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာတောင်ရိုဟင်ဂျာ၁၄၀ဦးသေဆုံးသွားပြီးNUGကတော့လေးရာကျော်သေဆုံးတယ်လို့ပြောထားတယ်။ဘယ်လောက်ပဲသေသေဒါဟာမုန်တိုင်းကိုအကြောင်းပြုပြီးစစ်ကောင်စီကရည်ရွယ်ချက်ရှိရှိသတ်ဖြတ်လိုက်တာပဲ။ဘာလို့လဲဆိုတော့မုန်တိုင်းရှိနေပေမယ့်စစ်ကောင်စီကထိုသူတွေကိုလွတ်လပ်စွာရွေ့ပြောင်းခွင့်မပေးခဲ့ဘူး။ဒုက္ခသည်စခန်းတွေကလဲအနိမ့်ပိုင်းဒေသတွေဖြစ်တဲ့အတွက်မုန်တိုင်းဒီရေဝင်ရောက်ပြီးရိုဟင်ဂျာတွေသေဆုံးကုန်တာဖြစ်တယ်။
ဒါအပြင်စစ်ကောင်စီဟာမုန်တိုင်းကာလမှာတောင်စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းမှာရွာတွေကိုစစ်ကြောင်းထိုးနေတာကြောင့်ဒေသခံတွေထွက်ပြေးနေရတယ်။ဒေသခံတွေခင်မျာမုန်တိုင်းကိုလဲကြောက်ရ၊စစ်သူပုန်တွေရန်ကိုလဲကြောက်ရနဲ့အတော်အတိဒုက္ခရောက်နေကြတယ်။