အိမ်နီးချင်းထိုင်းနိုင်ငံမှာရွေးကောက်ပွဲတွေပြုလုပ်နေပါတယ်။အခုပြုလုပ်တဲ့ရွေးကောက်ပွဲမှာထိုင်းဒီမိုကရေစီအင်အားစုတွေဖြစ်တဲ့လူငယ်တွေဦးဆောင်တဲ့Move Forward ပါတီနဲ့ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့သမီးပါတီတို့မဲအများဆုံးနဲ့အနိုင်ရရှိခဲ့တယ်။လက်ရှိထိုင်းဝန်ကြီးချုပ်ပရာရွတ်ရဲ့စစ်တပ်ကျောထောက်နောက်ခံပါတီကတော့မဲအနည်းငယ်သာရရှိခဲ့တယ်။ဒါဟာထိုင်းပြည်သူတွေအနေနဲ့မြန်မာပြည်သူတွေလိုပဲဒီမိုကရေစီကိုဘယ်လောက်လိုလားတယ်ဆိုတာပြသလိုက်တာပဲ။ထိုင်းရွေးကောက်ပွဲမှာဒီမိုကရက်စီအင်အားစုတွေအနိုင်ရသွားတဲ့အတွက်ထိုအခင်းအကျင်းဟာမြန်မာပြည်ရဲ့တော်လှန်ရေးကိုသက်ရောက်မှုရှိလာနိုင်တယ်။မြန်မာတော်လှန်ရေးအင်အားစုတွေအနေနဲ့အကောင်းဖက်ကိုမျှော်လင့်လို့ရလာနိုင်တယ်။
မေ ၀၄၊ ၂၀၂၅။ (တနင်္ဂနွေ)
စစ်ကိုင်းငလျင်ကြီးလှုပ်ပြီးတာ တစ်လကျော်ကြာခဲ့ပါပြီ။ဒီတစ်လအတွင်းမှာ ငလျင်ဒဏ်သင့် ပြည်သူတွေရဲ့နေထိုင်မှုဘဝအခြေအနေကတော့ တိုးတက်လာခြင်းမရှိသေးပါဘူး။အိမ်ပြိုသွားပြီး...