မိုခါဆိုင်ကလုံးမုန်တိုင်းဝင်ရောက်မှုကြောင့်စစ်တွေမြို့ရဲ့ကိုးဆယ်ရာခိုင်နှုန်းပျက်စီးသွားတယ်။လူသေဆုံးမှုတစ်ချို့ရှိပေမယ့်အတိအကျတော့မသိရသေးဘူး။မြို့ပေါ်မှာတော့အိမ်ဆောက်ပစ္စည်းဈေးတွေတဟုန်ထိုးမြင့်တက်ကုန်တယ်။ပိုက်ဆံရှိရင်တောင်ဝယ်လို့မရတော့ဘူး။
မုန်တိုင်းဟာရခိုင်ပြည်နယ်ကိုဝင်ရောက်ပြီးနောက်စစ်ကိုင်းတိုင်းဘက်ဆက်လက်ဝင်ရောက်ခဲ့တယ်။ဒါကြောင့်စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းမြောက်ပိုင်းကဒေသတချို့မှာရေကြီးရေလျှံမှုတွေဆက်လက်ဖြစ်ပေါ်နေတယ်။တချို့ရွာတွေမှာဆိုရင်ချောင်းရေရုတ်တရက်မြင့်တက်လာတက်အတွက်ဘေးလွတ်ရာကိုချက်ချင်းရှောင်တိမ်းနေရတယ်။ထိုဒေသတွေဟာမိုးခေါင်ရေရှားအညာဒေသတွေဖြစ်တဲ့အတွက်မုန်တိုင်းအတွေ့အကြုံမရှိကြဘူး။မိုခါမုန်တိုင်းကြောင့်အညာဒေသတွေမှာပါလူသေဆုံးမှုတွေရှိခဲ့တယ်။