အားကောင်းသောဆိုင်ကလုံးမုန်တိုင်းမိုခါဟာဒီနေ့မနက်ပိုင်းကစစ်တွေမြို့ကိုဖြတ်သန်းဝင်ရောက်ခဲ့ပါတယ်။လေတိုက်နှုန်းမိုင်တစ်ရာကျော်ရှိခဲ့ပြီးမုန်တိုင်းဒီရေပေနှစ်ဆယ်အထိတက်လာခဲ့တယ်။စစ်တွေမြို့ရပ်ကွက်တချို့ရေဝင်ရောက်ခဲ့ပြီးမပြောင်းရွှေ့ခဲ့တဲ့ဒေသခံတချို့ပိတ်မိနေတယ်လို့ကြားရတယ်။အခုလောလောဆယ်တော့ကူညီကယ်ဆယ်ရေးတွေမလုပ်နိုင်သေးဘူး။စစ်တွေမြို့ရဲ့အမြင့်ဆုံးဆက်သွယ်ရေးတာဝါတိုင်ကြီးကတော့ထက်ပိုင်းကျိုးသွားပြီ။ဖုန်းလိုင်းအင်တာနက်လိုင်းတွေပြတ်တောက်နေတဲ့အတွက်သေဆုံးထိခိုက်မှုသတင်းတွေတော့မသိရသေးဘူး။
ထိုမုန်တိုင်းဟာစစ်တွေမြို့ကိုဖြတ်ပြီးနောက်စစ်ဘေးဒဏ်ခံစားနေရတဲ့စစ်ကိုင်းတိုင်းကိုဆက်လက်ဝင်ရောက်လိမ့်မယ်။NUGကတော့ကူညီကယ်ဆယ်ရေးရန်ပုံငွေဒေါ်လာတစ်သန်းမတည်ထားတယ်လို့သတင်းထုတ်ပြန်ထားတယ်။