စစ်ကောင်စီဟာသူတို့ဘက်လက်နက်ချတဲ့သူတွေကိုမက်လုံးတစ်ခုပေးလိုက်ပြီ။လက်နက်နဲ့တကွသူတို့ဘက်ကိုပြန်လာရင်လက်နက်အမျိုးအစားပေါ်မူတည်ပြီးဆုငွေတွေပေးမယ်လို့သတင်းထုတ်ပြန်လိုက်တယ်။ရိုင်ဖယ်တလက်ကိုသိန်းငါးဆယ်ကစပြီးပစ္စတို၊လက်လုပ်သေနတ်၊လမ်းလျှောက်စကားပြောစက်တွေအတွက်ဆုငွေအမျိုးမျိုးပေးမယ်လို့မက်လုံးပေးထားတယ်။
သူတို့ဘယ်လိုမက်လုံးပေးပါစေ၊လက်နက်လာအပ်မယ့်တော်လှန်ရေးအဖွဲ့အဝင်တစ်ဦးတစ်ယောက်မှရှိမှာမဟုတ်ဘူး။တော်လှန်ရေးအဖွဲ့တွေကလူတိုင်းဟာပြင်းထန်တဲ့ခံယူချက်တွေနဲ့တိုက်ပွဲဝင်နေကြတာဆိုတော့ငွေဘယ်လောက်များနေပါစေမက်လုံပေးလဲအလကားပါပဲ။ပြီးတော့စစ်ကောင်စီဆိုတာယုံရတာမှာမဟုတ်တာ။တစ်ဦးတစ်လေလောက်များစိတ်ပြောင်းပြီးလက်နက်သွားအပ်ရင်တောင်မှဆုကြေးရမှာမဟုတ်ပဲစစ်ကြောရေးရောက်သွားဖို့သာပိုနီးစပ်နေတယ်။စစ်အုပ်စုဟာသူတို့ရဲ့ဉာဏ်တထွာတမိုက်လောက်နဲ့တော်လှန်ရေးကိုသွေးခွဲဖို့ကြိုးစားနေတယ်။