အာဆီယံအစည်းအဝေးဟာမြန်မာ့အရေးမှာထုံးစံအတိုင်းရှုံချကြောင်းထုတ်ပြန်ချက်တွေနဲ့ပဲပြီးဆုံးသွားခဲ့ပါတယ်။ဒီနှစ်အာဆီယံအလှည့်ကျဥက္ကဌဟာအင်ဒိုနီးရှားဆိုတော့မြန်မာ့အရေးအပြောင်းအလဲတချို့များဖြစ်လာမလားလို့မျှော်လင့်ခဲ့ပေမယ့်နှစ်တစ်ဝက်သာကုန်သွားတယ်၊ဘာမှထူးခြားမလာခဲ့ပါဘူး။အင်ဒိုနီးရှားဘက်ကတော့သက်ဆိုင်သူအားလုံးနဲ့တိတ်တဆိတ်တွေဆုံနေကြောင်းပြောတယ်။ဒါပေမယ့်လဲတစ်ခုခုထူးခြားလာမယ်လို့မထင်တော့ပါဘူး။ကမ္ဘာကြီးဟာမြန်မာ့အရေးတစ်ခုလုံးကိုအာဆီယံအပေါ်ပုတ်ထုတ်ပြီးခေါင်းခံခိုင်းထားတယ်။အာဆီယံကလဲဘာမှမလုပ်နိုင်တော့စစ်ကောင်စီအပေါ်ထိရောက်တဲ့အရေးယူမှုတစ်စုံတရာမရှိပဲဒီအတိုင်းပဲဆက်သွားမယ်ထင်ပါတယ်။
ဇွန် ၁၉၊ ၂၀၂၅။ (ကြာသပတေး)
စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊ကန်ဒေါင့်ရွာရဲစခန်းကို တော်လှန်ရေးစုပေါင်းအဖွဲ့တွေ သိမ်းပိုက်နိုင်လိုက်ပါပြီ။ထိုစခန်းကိုဒီလ ၂ရက်နေ့ ကတည်းက...