အာဆီယံလူသားချင်းစာနာမှုအကူအညီပေးရေးယာဉ်တန်းဟာရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့အနီးမှာပစ်ခတ်ခံလိုက်ရတယ်။ထိုယာဉ်တန်းဟာPNLOဆက်ဆံရေးရုံးမှာစစ်ဘေးဒုက္ခသည်တွေကိုကူညီရေးဆွေးနွေးဖို့သွားချိန်လမ်းမှာပစ်ခတ်ခံရလို့လှည့်ပြန်သွားရတယ်။ပစ်ခတ်မှုကြောင့်လူတွေထိခိုက်တာမရှိပေမယ့်ကားတွေတော့ပျက်စီးသွားတယ်။တိုက်ခိုက်မှုရဲ့တရားခံတော့မပေါ်သေးဘူး။စစ်တပ်နဲ့တော်လှန်ရေးအဖွဲ့တွေတဖက်နဲ့တဖက်လွှဲချနေကြတယ်။
တကယ်ကထိုနေရာဟာစစ်တပ်ထိန်းချုပ်မှုနယ်မြေအောက်မှာရှိနေပြီးတော်လှန်ရေးအဖွဲ့တွေအလွယ်တကူလှုပ်ရှားလို့မရတဲ့နေရာဖြစ်တယ်။ပြီးတော့အာဆီယံအစည်းအဝေးရှိတဲ့အချိန်မှာဒီကိစ္စဖြစ်လာတာဆိုတော့ဘယ်သူလုပ်တာဖြစ်နိုင်မလဲစဉ်းစားကြည့်ပေါ့။