တရုတ်နိုင်ငံခြားရေးဝန်ကြီးမြန်မာပြည်ကိုရောက်လာပြီးစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့တွေ့ဆုံသွားတယ်။ဒါဟာအာဏာသိမ်းပြီးနောက်စစ်ခေါင်းဆောင်ကိုလာရောက်တွေ့ဆုံတဲ့ပထမဆုံးတရုတ်ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးပဲ။တရုတ်ဟာအခုနောက်ပိုင်းမှာစစ်ကောင်စီကိုပေါ်ပေါ်ထင်ထင်ထောက်ခံမှုတွေခပ်စိပ်စိပ်ပြုလုပ်လာတယ်။
ဒီတခေါက်တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ခရီးစဉ်မှာထူးခြားမှုတစ်ခုကအာဏာရှင်ဟောင်းဦးသန်းရွှေကိုသွားရောက်တွေ့ဆုံခဲ့တာပဲ။တရုတ်ဟာမင်းအောင်လှိုင်ကိုထိန်းချုပ်ပြောဆိုလို့မရတော့တဲ့နောက်မှာအရင်အာဏာရှင်ဟောင်းဦးသန်းရွှေရဲ့အကူအညီကိုရယူလိုနေတယ်လို့သုံးသပ်ကြတယ်။တချို့ကတော့အနားယူနေတဲ့ဦးသန်းရွှေပြန်ပါလာရင်စစ်ကောင်စီရဲ့ထိပ်ပိုင်းမှာအပြောင်းအလဲတွေဖြစ်နိုင်မယ်လို့ယူဆကြတယ်။ဒါပေမယ့်ဘယ်လိုပဲပြောင်းလဲပါစေပြည်သူတွေအတွက်တော့ထူးမယ်မထင်ဘူး။သူတို့အချင်းချင်ကပုလင်းတူဗူးဆို့တွေပဲလေ။တရုတ်ကဘာလိုချင်တာလဲ၊စစ်ကောင်စီဘာဆက်လုပ်မှာလဲဆိုတာကိုတော့သတိထားစောင့်ကြည့်ရမယ်။