စစ်ကိုင်းတိုင်းရှိ စစ်ရှောင် ပြည်သူများအဖို့ စစ်ကောင်စီ၏ အကြမ်းဖက်နှိပ်စက်သတ်ဖြတ်ခြင်း၊ မီးရှို့ခြင်းများ ကြုံတွေ့နေရသည့်အပြင် ပူပြင်းခြောက်သွေ့လှသောဧပြီလက စတင်ကာ တစ်ပူပေါ်နှစ်ပူဆင့်စေသည်မှာ ရေရှားပါးမှုပြဿနာပဲ။စစ်ကိုင်းတိုင်းမှာ မိုးခေါင်ရေရှားမှုကြောင့် ချိုးရေအသာထား၊ သောက်သုံးရေပင် ရရှိရန်ခက်ခဲနေတယ်။ရေဆိုတစ်ရက်ခြားလောက်ပဲချိုးနေရတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဝင်ရောက်ခဲ့တဲ့ ကျေးရွာများတွင်လည်း လျှပ်စစ်ထရန်စဖော်မာများ၊ ရေဘုံဘိုင်များကို ဖျက်ဆီးသွားတာကြောင့် ရေရရှိမှု ပိုမိုခက်ခဲလာတယ်။ရေတစ်ပုံးရဖို့အရေး ၃ မိုင်ခန့်ဝေးသည့်နေရာရှိ ရေအိုင်ငယ်များထံမှ သွားရောက်ခပ်ယူနေကြရတယ်။ထိုရေအိုင်ငယ်များမှာလည်း ခမ်းခြောက်စပြုနေလို့ ရေရှားပါးပြတ်လပ်မှုပိုဆိုးလာနိုင်တယ်။အချို့ဒေသတွေမှာ ကျွဲနွား တိရစ္တာန်များပါ အစာရေစာရှားပါးပြတ်လပ်၍အားပြတ်ကာသေဆုံးမှုများရှိနေတယ်။စစ်ရှောင်ပြည်သူများမှာထွက်ပြေးတိမ်းရှောင်ရင်းမောပန်း၍ ရေသောက်လိုသော်လည်း ရေတစ်ခွက်ကိုပင် ဝဝလင်လင်မသောက်ရရှာဘူး။ ရေဘုံဘိုင်များတူးဖော်ပေးရန် ကြိုးစားနေပေမယ့် ရေဘုံဘိုင်ပစ္စည်းများအား စစ်ကောင်စီတပ်က လမ်းကြောတလျှောက်စစ်ဆေးခြင်းများပြုလုပ်နေတာကြောင့်သယ်လို့မရဘူး။မိုးရွာမှပဲဒီပြသနာအမြန်ဆုံးပြေလည်နိုင်လိမ့်မယ်။