မန္တလေးမြို့မှာ အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်ခြင်းကြောင့် သောက်သုံးရေပြတ်လပ်မှုများ ကြုံနေရတယ်။မန္တလေးမြို့မှာစည်ပင်သာယာရေးကော်မတီနယ်နမိတ်မြို့ပေါ်ရပ်ကွက်နေသူများကစည်ပင်ပေးသည့် ရေကို အသုံးများပြီး အခု အချိန်ကန့်ချက်ဖြင့် ရေပေးနေသလို အဝီစိတွင်းရေကို အားထားနေသည့် မြို့သစ်ပိုင်း နေသူများမှာလည်း မီးပျက်ချိန်များလို့ ရေတင်မရသည့် အခက်အခဲနှင့် ကြုံနေရတယ်။
ရေကို မီးလာတဲ့အချိန်လေး အမိအရတင်နေရတယ်။ ရေလှောင်ကန် ကသေးတော့ ရေပြတ်တာလည်း မြန်တယ်။ရေပြတ်ရင်ဘာမှကိုလုပ်မရတော့မှာမို့ရေကိုချွေတာပြီးသုံးနေရတယ်။လူမှုကူညီရေးအသင်းတွေကတော့ ရေလာလှူပေးနေပါတယ်။မန္တလေးမှာ ရေလိုအပ်ချက်က မြင့်တက်လာတာကြောင့် တရက်ကို ရေဂါလံ တသောင်းခွဲကနေ နှစ်သောင်းလောက်ထိ နေ့စဉ်နီးပါး လှူပေးနေရတယ်။
ထို့သို့ သောက်သုံးရေအခက်အခဲအပြင် အပူချိန်မြင့်တက်နေခြင်းများကြောင့်လည်း ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ နှင့် မကျန်းမာသူများအနေဖြင့် အပူဒဏ်ကိုခံစားနေကြရသလို အချိန်ကြာမြင့်စွာ မီးပျက်ခြင်းတို့ကြောင့် လူမှုရေး၊ ကျန်းမာ ရေး၊ စီးပွားရေးပြဿနာများကိုပါ ရင်ဆိုင်နေကြရတယ်။