Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

စစ်ကိုင်း၊ ထီးချိုင့်တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

တော်လှန်ရေးအဖွဲ့နှင့် တိုက်ပွဲပြင်းထန်နေသည့် မင်းဝံတောင်ခြေရှိ တောမနှင့် မရသိမ်ရွာအနီးတွင် အချိန်သုံးနာရီဝန်းကျင်အတွင်း စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံး ၆ ကြိမ် ကြဲသည်။

May 9, 2023
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များနှင့် တိုက်ပွဲပြင်းထန်နေသည့် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်း မင်းဝံတောင်ခြေအနီးရှိ ကျေးရွာများကို စစ်ကောင်စီက ယနေ့ (ဧပြီ ၂၄) နံနက်တွင် တိုက်လေယာဉ်ဖြင့် ၆ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်သည်ဟု သိရသည်။

ဧရာဝတီမြစ်အနောက်ဘက်ကမ်း ထီးချိုင့်မြို့မှ အဖြောင့်တိုင်းလျှင် အနောက်ဘက် ၇ မိုင်ခန့်အကွာ မင်းဝံတောင်ခြေရှိ တောမရွာနှင့် အနီးတစ်ဝိုက်တွင် အင်အား ၁၅၀ နီးပါးပါ စစ်တပ်နှင့်  ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တို့ ဧပြီ ၂၂ ရက်မှစတင်ကာ တိုက်ပွဲများဖြစ်နေသည်။

ယနေ့ နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီဝန်းကျင်အထိ စစ်တပ်က တိုက်လေယာဉ်ဖြင့် ၆ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ကြောင်း၊ တိုက်ပွဲဖြစ်နေသည့် တောမရွာနှင့် မရသိမ်ရွာတစ်ဝိုက်ကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊​ တစ်ကြိမ်လျှင် တိုက်လေယာဉ်တစ်စီး ဗုံး ၂ လုံးမှ ၃ လုံးထိ ကြဲချတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

“မြေပြင်တိုက်ပွဲက သုံးရက်လောက်ရှိပြီ။ လေယာဉ်နဲ့ လာပစ်နေတဲ့ နားမှာပဲ မြေပြင်တိုက်ပွဲက ဖြစ်နေတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

လေကြောင်းမှ ပစ်ခတ်သည့်နည်းတူ မြေပြင်စစ်ကြောင်းကလည်း နံနက် ၁၀ နာရီဝန်းကျင်မှစ၍ ဖုန်ကုံးလေးရွာနှင့် မဲဇာချောင်းတစ်ဘက်ကမ်းရှိ တောမရွာကို မီးရှို့နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ဖုန်ကုန်းလေးနဲ့ တောမက ချောင်းလေးပဲ ခြားတာ၊ ဟိုဘက်ဒီဘက်။ ဖုန်ကုန်းလေးကို အရင်ရှို့တာ။ ရှို့ပြီးမှ တောမကို ရှို့တာ။ အခုကို ရှို့နေတာ” ဟု ၎င်းက မွန်းလွဲ ၂ နာရီခန့်တွင် ပြောသည်။

တိုက်ပွဲများကြောင့် ဝါးပိုးချောင်း၊ တောမ၊ မရသိမ်၊ ဖုန်ကုန်း၊ မုတ်ဝ အပါအဝင် အနီးအနားကျေးရွာ ၁၄ ရွာခန့်မှ ဒေသခံတို့ ပုန်းရှောင်နေကြသည်ဖြစ်၍ လေကြောင်းတိုက်ခိုက်မှု၊ မီးရှို့ဖျက်ဆီးမှု၊ ပစ်ခတ်မှုများကြောင့် ထိခိုက်၊ ပျက်စီးမှုအခြေအနေ အသေးစိတ်ကို အတည်မပြုနိုင်သေးပေ။

တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်မှုကို အတည်မပြုနိုင်သေးသော်လည်း တော်လှန်ရေးအဖွဲ့ဘက်မှ ၆ ဦး ဒဏ်ရာရထားသည်ဟု အထက်ပါ ပကဖအဖွဲ့ဝင်က ပြောသည်။

ယနေ့ လာရောက်ပစ်ခတ်ခဲ့သည့် စစ်ကောင်စီ တိုက်လေယာဉ်များမှာ မန္တလေးတိုင်း၊ တံတားဦးလေဆိပ်နှင့် ကချင်ပြည်နယ် မြစ်ကြီးနားလေဆိပ်တို့မှ ဖြစ်သည်ဟု အထက်ပါ သတင်းရင်းမြစ်တို့က ဆိုသည်။

အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။

ဒေသခံကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှုအားကောင်းပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နယ်မြေများနှင့် ထိစပ်နေသည့် ထီးချိုင့်မြို့နယ်မြောက်ပိုင်းတွင် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းအထိ စစ်ကောင်စီလက်ချက်ကြောင့် ကျေးရွာ ၁၈ ရွာမှ နေအိမ် ၆၇၀ ကျော် ပျက်စီးခဲ့ရသည်ဟု ထီးချိုင့်မြို့နယ်ပကဖအဖွဲ့၏ စာရင်းအရ သိရသည်။

အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း နိုင်ငံအနှံ့ တော်လှန်နေကြသဖြင့် စစ်မျက်နှာများစွာ ဖွင့်ထားရသည့် စစ်ကောင်စီတပ်က ယခုနှစ်ဆန်းပိုင်းမှစ၍ လေကြောင်းတိုက်ခိုက်မှုကိုသာ အားပြု စစ်ဆင်နေသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအတွင်း အရပ်သားအများအပြား သေဆုံး၊ ဒဏ်ရာရနေသည်။ ဧပြီလဆန်းပိုင်းက စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို စစ်ကောင်စီက လေယာဉ်၊ ရဟတ်ယာဉ် သုံး၍ တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၄၀ နီးပါးအပါအဝင် ပြည်သူ ၁၇၀ နီးပါး သေဆုံးခဲ့ရသည့် ဖြစ်စဉ်မှာ ထင်ရှားသည်။

SOURCE – Myanmar Now

 

Related Posts

ပဲခူးတိုင်း မင်းလှမြို့နယ်တွင် နေအိမ် ၂၀၀ နီးပါး  မီးရှို့ခံရ ရွာမီးရှို့၊ ပစ်ခတ်ခံရသဖြင့် ထွက်ပြေးတိမ်းရှောင်ရသူများထဲတွင် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်သည်ဟု သိရသည်။
သတင်း

ပဲခူးတိုင်း မင်းလှမြို့နယ်တွင် နေအိမ် ၂၀၀ နီးပါး မီးရှို့ခံရ ရွာမီးရှို့၊ ပစ်ခတ်ခံရသဖြင့် ထွက်ပြေးတိမ်းရှောင်ရသူများထဲတွင် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်သည်ဟု သိရသည်။

July 6, 2025

ပဲခူးတိုင်း အနောက်ဘက်ခြမ်း၊ သာယာဝတီခရိုင် မင်းလှမြို့နယ်တွင် အင်အားရာနှင့်ချီ...

စစ်ကောင်စီက ရွေးကောက်ပွဲကာကွယ်သည့် အထူးဥပဒေ ပြဋ္ဌာန်းရန် စီစဉ်နေ
သတင်း

စစ်ကောင်စီက ရွေးကောက်ပွဲကာကွယ်သည့် အထူးဥပဒေ ပြဋ္ဌာန်းရန် စီစဉ်နေ

July 6, 2025

ယခုနှစ်ကုန် ကျင်းပမည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲမှာ နိုင်ငံရေးအရ...

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025
သတင်း

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025

May 2, 2025

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English