စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ စစ်ရှောင်ဒုက္ခသည်များ မြေပွေးကိုက်ခံရသောကြောင့် သေဆုံးသူများ ရှိနေသည့်အတွက် မြွေဆိပ်ဖြေဆေးများ အရေးပေါ်လိုအပ်နေတယ်။ကန့်ဘလူမြို့နယ်အတွင်းရှိ ဒေသခံများသည် စစ်ကောင်စီဘေးရန်အပြင် မြွေပွေးအန္တရာယ်ကိုပါ ရင်ဆိုင်နေရတယ်။ဟိုတလောက ရှစ်နှစ်သားကျောင်းသားလေးတစ်ယောက် မြွေကိုက်ခံရတဲ့အတွက် အချိန်မှီမကုနိုင်လို့ အသက်ဆုံးရှုံးသွားတယ်။
အပူပိုင်းဒေသဖြစ်တဲ့ ကန့်ဘလူမြို့နယ်မှာ အဆိပ်ပြင်းမြွေပွေးအမျိုးအစား ပေါများသည့်အပြင် ယခုလာမည့် မေလမှနိုဝင်ဘာလကြားတွင်မြွေပွေးသားပေါက်ချိန်ဖြစ်သည့်အတွက်မြွေဆိပ်ဖြေဆေးများအရေးပေါ်လိုအပ်နေတယ်။သဖန်းဆိပ်ဆည်ရေကျတဲ့အချိန်ဆိုရင်သူ့ရဲ့ပတ်ဝန်းကျင်မှာမြွေပွေးတွေကတော်တော်လေးကိုပေါတယ်။မြွေဆိပ်ဖြေဆေးတစ်လုံးကို ငွေကျပ်တစ်သိန်းအထက်ရှိပြီး ကန့်ဘလူမြို့နယ်အတွင်း ဝယ်ယူရန်ခက်ခဲသည့်အတွက် အခြားမြို့နယ်များတွင် သွားရောက်ဝယ်ယူနေရတယ်။
ကန့်ဘလူမြို့နယ်အတွင်း လှုပ်ရှားနေသည့် စစ်ကောင်စီစစ်ကြောင်းများသည် ကျေးရွာများကိုမီးရှို့ခြင်း၊ ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်နေသည့်အတွက် စစ်ကြောင်းထိုးရာ လမ်းကြောင်းတစ်လျှောက်ရှိ ဒေသခံများမှာ တောတွင်းနေရာများတွင် ရှောင်တိမ်းနေထိုင်ရတာကြောင့်ယခုလအတွင်း မြွေကိုက်ခံရသည့် စစ်ရှောင်ပြည်သူလေးဦး မြွေကိုက်ခံရပြီး သက်ကြီးရွယ်အိုတစ်ဦးနှင့် ကလေးငယ်တစ်ဦးမှာမြွေဆိပ်ဖြေဆေးဝယ်ယူရန်ခက်ခဲခြင်း၊ဆေးအလုံအလောက်မရရှိခြင်းတို့ကြောင့်မသေသင့်ပဲသေခဲ့ရတယ်။