သင်္ကြန်နောက်ပိုင်းကစပြီးနိုင်ငံတဝန်းမှာလျှပ်စစ်မီးပြတ်တောက်မှုတွေဆိုးရွားစွာဖြစ်ပေါ်နေတယ်။စက်မှုဇုန်တွေကစက်ရုံအလုပ်ရုံတွေကိုလဲလျှပ်စစ်မီးမပေးနိုင်လို့လုပ်ငန်းရှင်တွေလဲအခက်ကြုံနေရတယ်။မြို့ကြီးတွေမှာခံရတဲ့ဒုက္ခကပိုဆိုးတယ်။မြို့ထဲကတိုက်ခန်းကျဉ်းကျဉ်းလေးတွေဖြစ်တော့နွေရာသီမှာမီးမလာရင်ညဘက်တွေအရမ်းပူတယ်။အဲ့ဒီတော့အပြင်သစ်ပင်အောက်မှာလူငယ်လေးတွေသုံးလေးယောက်စုထိုင်ပြီဆိုရင်စစ်တပ်ကလာဆွဲသေးတယ်။ပီးရင်ရဲစခန်းမှာတယောက်သုံးလေးသိန်းနဲ့လာရွှေးခိုင်းတယ်။စစ်ကောင်စီဟာပြည်သူတွေကိုအဖက်ဖက်ကစိတ်ဖိစီးပြီးသေအောင်သတ်နေတာပဲ။
နွေရာသီဆိုရင်စစ်ကောင်စီဟာတနိုင်ငံလုံးကိုခွဲတမ်းနဲ့လျှပ်စစ်ဓာတ်အားကိုအလှည့်ကျပေးနေပြီးဒီနှစ်မှာအခြေအနေပိုဆိုးလာတယ်။အရင်အစိုးရအဆက်ဆက်ဘယ်တော့မှလျှပ်စစ်မီးမပြတ်ခဲ့တဲ့သူတို့ရုံးစိုက်ရာနေပြည်တော်ကိုတောင်အပြည့်မပေးနိုင်တော့ပဲအလှည့်ကျစနစ်ကိုကျင့်သုံးလာတယ်။တခြားဒေသတွေဆိုရင်ပြောဖို့တောင်မလိုတော့ဘူး။မီးတောင်မမြင်ရတဲ့နေရာတွေအများကြီးဖြစ်လာပြီ။