ရှမ်းကယားနယ်စပ်၊ဖယ်ခုံမြို့နယ်ထဲကစစ်ဘေးရှောင်အရပ်သားတွေအားထားနေရတဲ့ဆေးပေးခန်းတစ်ခုကိုစစ်ကောင်စီတပ်ကအကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ထိုဆေးခန်းဟာကိုယ်ထူကိုယ်ထဆေးခန်းဖြစ်ပြီးတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲလေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့လို့အရပ်သား၃ဦးအပြင်းအထန်ဒဏ်ရာရရှိသွားတယ်။ဆေးပေးခန်းအဆောက်အဦးနဲ့ဆေးပစ္စည်းတွေလဲလုံးဝပျက်စီးသွားတယ်။
အကြမ်းဖက်စစ်အုပ်စုဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲအရပ်သားပြည်သူတွေနေထိုင်တဲ့နေရာတွေကိုပါရန်သူသဖွယ်သတ်မှတ်ကာဗုံးကြဲတိုက်ခိုက်ပြီးတော့စစ်ရာဇဝတ်မှုတွေကိုပြောင်ပြောင်တင်းတင်းကျူးလွန်နေတယ်။