ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ်ဟောင်းဘန်ကီမွန်ဟာကြိုတင်ကြေငြာခြင်းမရှိပဲမြန်မာနိုင်ငံကိုရုတ်တရက်ရောက်လာတယ်။စစ်ကောင်စီကဖိတ်ကြားထားလို့တော့ပြောတာပဲ။အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့တွေ့ဆုံသွားတယ်။ဘာရည်ရွယ်ချက်နဲ့လာလဲတော့သေချာမသိသေးဘူး။
ဒီရက်ပိုင်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုနိုင်ငံတကာကပုဂ္ဂိုလ်တွေခပ်စိတ်စိတ်လာရောက်တွေ့ဆုံနေတယ်။အထူးသဖြင့်တရုတ်နဲ့ထိုင်းကပေါ့။ဘန်ကီမွန်ရဲ့ခရီးစဉ်ကတော့ဟိုနိုင်ငံတွေလိုမင်းအောင်လှိုင်လိမ်ညာပြောသမျှနားထောင်ပြီးပြန်သွားမယ့်သူတော့မဟုတ်လောက်ဘူး။ဆက်လက်စောင်ကြည့်ရဦးမယ်။