မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မကျီးကန်ကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ဆေးကုသမှု ခံယူနေသည့် လူငယ် ၁၀ ဦးထက်မနည်း ကို သတ်ဖြတ်ကာ ပြည်သူ ၃၀ ကျော်ကို စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီး ထားတယ်။အကြမ်းဖက် စစ်တပ်က မြိုင်မြို့နယ်၊ မကျီးကန်ရွာကို Mi 35 ရဟတ်ယာဉ်နဲ့ ပစ်ခတ်ကာ Mi 17 ရဟတ်ယာဉ်ဖြင့် စစ်သားများ ချထားကာ ဝင်ရောက် စီးနင်းခဲ့တယ်။ ရွာဆေးရုံရှိ လူနာများနှင့် သက်ကြီးရွယ်အိုများကို ဓားစာခံ အဖြစ် ဖမ်းဆီးထားပြီး ထွက်ပြေးကြသည့် ဆေးဝါးကုသမှု ခံယူနေသည့် လူငယ် ၁၀ ဦးထက်မနည်း ပစ်သတ်ခံလိုက်ရတယ်။ ဆေးဝါးကုသမှု ခံယူနေတဲ့ လူနာတွေနဲ့ လူနာစောင့်တွေလည်း ပစ်သတ်ခံရမှုမှာ ပါနိုင်တယ်။ဆေးတွေကို မီးရှို့ဖျက်ဆီးတယ်။ ဓါတ်ခွဲခန်းကိုလည်း ဖျက်ဆီးခဲ့တယ်။ ဆေးရုံရှေ့အိမ် ၄ အိမ် မီးရှို့ခံလိုက်ရတယ်။ထို့ပြင် မကျီးကန်ဆေးရုံနှင့် မကျီးကန်ကျေးရွာအတွင်းမှ ပြည်သူ ၃၀ ဦးကို လည်း စစ်တပ်က ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက် မေးမြန်းနေတယ်။ပြန်မထွက်ခင်မှာကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကိုလည်း ဝင်ရောက် မွှေနှောက်သွားပြီး ရွှေထည် ပစ္စည်းများ ၊ပိုက်ဆံများ နှင့် ပြည်သူများထံမှ ဖုန်းအလုံး ၁၀၀ ကျော်ကိုလည်း ယူဆောင်သွားတယ်။
အောက်တိုဘာ ၀၅၊ ၂၀၂၅။ (တနင်္ဂနွေ)
ဒီနှစ်မှာဒေါ်လာစျေးဆက်တိုက်ကျနေတဲ့အဓိကတရားခံကတော့စစ်ကော်မရှင်ကသွင်းကုန်တွေပိတ်ထားလို့ပါပဲ။တနေ့ကprinterတစ်လုံးလိုချင်လို့မြို့ထဲသွားတယ်။မြို့ထဲကကွန်ပြူတာပစ္စည်းဆိုင်နှစ်ဆယ်လောက်ရှာမေးခဲ့ပေမယ့်လိုချင်တဲ့printerရှာမရခဲ့ပါဘူး။ဆိုင်တွေအားလုံးပစ္စည်းပြတ်နေတယ်ပဲပြောကြတယ်။ဘယ်အချိန်ပစ္စည်းပြန်ရမလဲဆိုတာလဲအတိအကျမပြောနိုင်ကြဘူး။အနည်းဆုံးတစ်လကနေလနဲ့ချီပြီးကြာနိုင်တယ်တဲ့။printerဆိုတဲ့ပစ္စည်းမျိုးဟာပုံမှန်ဆိုရင်စျေးကွက်မှာအလွယ်တကူဝယ်လို့ရပါတယ်။ဒီလိုပစ္စည်းမျိုးတောင်စျေးကွက်မှာပစ္စည်းပြတ်နေပါပြီ။ကွန်ပြူတာပစ္စည်းအရောင်းဆိုင်တွေအတော်များများမှာလဲခင်ကျင်းထားတဲ့ပစ္စည်းတွေအရင်လိုပေါပေါများများမတွေ့ရတော့ပါဘူး။စစ်ကော်မရှင်ကပေးတဲ့ဒုက္ခမျိုးစုံကြောင့်ဘယ်စီးပွားရေးလုပ်ငန်းမဆိုအကြပ်အတည်းဆိုက်နေကြတယ်။


