ချင်းပြည်နယ်လိုပဲနောက်ထပ်လွတ်မြောက်နယ်မြေဖြစ်နိုင်ခြေရှိတဲ့ဒေသတစ်ခုကတော့ကယားပြည်နယ်ပါပဲ။နေပြည်တော်နဲ့အနီးဆုံးနေရာမှာရှိနေတဲ့ကယားပြည်နယ်ကိုစစ်ကောင်စီကမတ်လဆန်းကတည်းကအင်အား၃၀၀၀နီးပါးနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။မှတ်မိသလောက်၂၀၂၁ခုနှစ်ကကချင်ပြည်နယ်KIAအလော့ဘွန်တောင်ကုန်းကိုအင်အားထောင်ချီသုံးပြီးစစ်ဆင်ရေးလုပ်ပီးနောက်ကယားပြည်နယ်ကိုအခုအင်အားထောင်ချီပြန်သုံးနေတာပဲ။အဲ့တုန်းကလဲစစ်ကောင်စီရဲ့စစ်ဆင်ရေးဟာအောင်မြင်ခြင်းမရှိခဲ့ပါဘူး။အခုလဲလူသူလက်နက်ခဲယမ်းများစွားဆုံးရှုံးလျက်ရှိတယ်။ကယားပြည်နယ်သေးသေးလေးကိုစစ်မျက်နှာခြောက်ခုလောက်ဖွင့်ပြီးတိုက်ခိုက်နေပေမယ့်နှစ်လနီးပါအကြာမှာတော့စစ်သူပုန်၃၀၀ကျော်သေဆုံးပြီးလက်နက်မျိုးစုံငါဆယ်ခန့်တော်လှန်ရေးအဖွဲ့တွေဖက်ကသိမ်းဆည်းရမိထားတယ်။ဒါပေမယ့်စစ်သူပုန်တွေဘက်ကတော့နောက်မဆုတ်ပဲဆက်လက်တိုက်ခိုက်နေတုန်းပဲ။ဒီတခေါက်မှာတော့ကယားပြည်နယ်ဟာစစ်ကောင်စီရဲ့ထိုးစစ်ကိုကောင်းကောင်းခုခံနိုင်သွားပါပြီ။စစ်ကောင်စီဟာကယားပြည်နယ်ကတော်လှန်ရေးအင်အားစုတွေကိုဘယ်လိုမှချေမှုန်းနိုင်တော့မှာမဟုတ်ဘူး။ အခု ကယားနဲ့ချင်း ဖက်ကို စစ်သူပုန်တွေ လုံးဝနီးပါး လက်လျှော့လိုက်ရတဲ့ အနေအထားဖြစ်နေပါပြီ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


