ချင်းပြည်နယ်၊ဟားခါးမြို့ကိုရိက္ခာနဲ့လက်နက်ဖြည့်တင်းဖို့ကလေးမြို့ကနေချီတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းဟာဒေသခံချင်းကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ချေမှုန်းခြင်းကိုခံလိုက်ရပီးနောက်လက်ကျန်အင်အား၅၀ခန့်ဟာဟာခါးမြို့နဲ့၁၀မိုင်အကွာကရွာတစ်ရွာမှာတပ်စွဲထားတယ်။ထိုစစ်သူပုန်လက်ကျန်အဖွဲ့ကိုလဲတော်လှန်ရေးအဖွဲ့တွေကနေ့စဉ်ရက်ဆက်ဆိုသလိုဆက်လက်တိုက်ခိုက်နေတယ်။ဟားခါးဘက်ကစစ်ကူပေးဖို့ဆင်းလာတဲ့စစ်ကြောင်းဟာလဲကြားဖြတ်တိုက်ခိုက်ခြင်းခံနေရတာကြောင့်အခုချိန်ထိထိုနေရာကိုရောက်မလာသေးဘူး။ဘာပဲဖြစ်ဖြစ်ဒါဟာချင်းပြည်နယ်ကိုအင်အားဖြည့်တင်းဖို့စီစဥ်ထားတဲ့စစ်ကောင်စီရဲ့ရည်ရွယ်ချက်တစ်ခုကိုဖျက်စီးလိုက်နိုင်တာပဲ။
စစ်ကောင်စီအာဏာသိမ်းပြီးကတည်းတိုက်ပွဲတွေဖြစ်ပွားနေတဲ့ချင်းပြည်နယ်ကိုအင်အားဖြည့်တင်းဖို့ကုန်းလမ်းကြောင်းကိုသာအသုံးပြုခဲ့တယ်။သူတို့မှာတခြားရွှေးချယ်စရာလဲမရှိဘူး။စစ်ကြောင်းတွေတက်လာတိုင်းတော်လှန်ရေးအဖွဲ့တွေကရသလောက်ခုခံကြပေမယ့်အခုလိုစစ်ကြောင်းတစ်ခုလုံးကိုဖျက်စီးလိုက်နိုင်ဒါပထမဆုံးအကြိမ်ပဲ။ချင်းပြည်နယ်တောင်ဘက်ခြမ်းမှာလဲမကွေးတိုင်း၊ပခုက္ကူကနေချင်းပြည်နယ်မတူပီမြို့ကိုရိက္ခာပို့မယ့်စစ်ကြောင်းတစ်ခုဟာလမ်းမှာအကြိမ်ကြိမ်တိုက်ခိုက်ခံရမှုကြောင့်မတူပီကိုမသွားနိုင်တော့ပဲမင်းတပ်မြို့ကနေလှည့်ပြန်သွားရတယ်။ပြောရရင်တော့ချင်းပြည်နယ်ကိုတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းနှစ်ခုလုံးဒီတကြိမ်မှာတော့ရည်မှန်းချက်ကိုမရောက်ခဲ့ဘူး။နောင်လဲတက်လာနိုင်မှာမဟုတ်ဘူး။ဒီပုံစံကိုသာဆက်ထိန်းထားနိုင်ရင်မကြာခင်မှာချင်းပြည်နယ်ဟာလွတ်မြောက်တယ်မြေဖြစ်လာနိုင်တယ်။
နိုဝင်ဘာ ၁၆၊ ၂၀၂၃။ (ကြာသပတေး)
ရန်ကုန်ကကိုယ်တွေရဲ့ဇာတိမြို့နယ်တစ်ခုမှာဒီရက်ပိုင်းဗုံးတွေဆက်တိုက်ဆိုသလိုပေါက်နေတယ်။တနိုင်ငံလုံးမှာစစ်ကောင်စီကိုတော်လှန်နေကြချိန်မြို့ပြပေါက်ကျားတွေလဲအငြိမ်မနေပဲရန်ကုန်ကမြို့နယ်တွေမှာစစ်သူပုန်တွေတပ်စွဲထားတဲ့အုပ်ချုပ်ရေးမှုးရုံးတွေ၊တရားရုံးတွေ၊မီတာရုံးတွေကိုပစ်မှတ်ထားဖောက်ခွဲတိုက်ခိုက်နေတာပါ။အောင်မြင်စွာဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့တဲ့မြို့ပြပျောက်ကျားတွေကိုမမိတာကြောင့်စစ်သူပုန်တွေဟာအများပြည်သူကိုရှက်ရမ်းရမ်းကာလမ်းပေါ်မှာသွားလာနေတဲ့ဆိုင်ကယ်တွေကိုအကြောင်းမဲ့ဆက်တိုက်ဆိုသလိုဖမ်းဆီးနေတယ်။အရင်လိုလမ်းမကြီးတွေပေါ်မှာသွားလာနေတဲ့ဆိုင်ကယ်တွေကိုသာဖမ်းဆီးတာမဟုတ်ပဲရပ်ကွက်တွေထဲထိပါဝင်ရောက်ဖမ်းဆီးနေတယ်။အဲ့ဒီတော့အများပြည်သူတွေနဲ့ဆိုင်ကယ်နဲ့အသက်မွေးဝမ်းကျောင်းရှာတဲ့သူတွေအကုန်ဒုက္ခရောက်ကုန်တယ်။ ဒါ့အပြင်ဒီရက်ထဲပိုဆိုးတာကရန်ကုန်မှာစက်သုံးဆီတွေပြတ်လပ်နေတယ်။နိုဝင်ဘာ၁၀ရက်နေ့လောက်ကစပြီးအဓိကအားဖြင့်ဓာတ်ဆီပြတ်လပ်နေတာဒီနေ့နဲ့ဆို၇ရက်လောက်ရှိနေပြီ။ဆီဆိုင်အတော်များများမှာဆီမရတော့လို့ရနိုင်တဲ့ဆိုင်တွေမှာကားတွေတိုးကြိတ်တန်းစီနေရတယ်။ဆိုင်ကယ်တွေဆိုရင်လမ်းဘေးဆိုင်လေးတွေမှာတောင်ထည့်လို့မရနိုင်တော့ဘူး။ရတဲ့ဆိုင်တွေမှာလဲတစ်လီတာလေးထောင်ကျပ်လောက်ပေးဝယ်နေရတယ်။အရင်ကဒီလိုစက်သုံးဆီပြတ်ရင်အများဆုံးသုံးလေးရက်လောက်သာကြာတတ်ပြီးအခုတော့တပတ်လောက်ရှိတဲ့အထိအဆင်မပြေသေးဘူး။နောက်ပိုင်းဆိုရင်စက်သုံးဆီပြတ်လပ်မှုဟာတဖြည်းဖြည်းနဲ့အခြေအနေပိုဆိုးလာလိမ့်မယ်။