ဘာလိုလိုနဲ့သင်္ကြန်အတက်နေ့တောင်ရောက်လာပြီ။အာဏာသိမ်းပီးကတည်းပြည်သူတွေဆိုတာသင်္ကြန်ကိုဘာမှန်းတောင်မသိကြတော့ဘူး။အားလုံးဟာသင်္ကြန်ကိုမဆိုင်သလိုပဲဖြတ်သန်းကြတယ်။ဒီနှစ်လဲမြို့ကြီးတွေမှာစစ်ကောင်စီကပြုလုပ်ပေးထားတဲ့မဏ္ဏပ်တချို့တလေလောက်မှာသာစည်ကားနေပြီးကျန်တဲ့နေရာအများစုမှာရေကစားသူမရှိသလောက်ပဲ။ထိုမဏ္ဏပ်တွေမှာလဲစစ်ကောင်စီကအတင်းအကျပ်ရေကစားခိုင်းထားတဲ့ဝန်ထမ်းတွေနဲ့အမူးသမားတွေသာရှိတယ်။စစ်ကောင်စီစီစဉ်ပေးထားတဲ့နေရာတွေမှာဘယ်သာမာန်ပြည်သူမှရေသွားမကစားရဲကြဘူး။တော်လှန်ရေးအဖွဲ့တွေကသတိပေးထားတာကိုး။တကယ်လဲပေါက်ကွဲမှုတွေနယ်မြို့တွေကမဏ္ဏပ်တွေမှာရှိခဲ့တယ်။ဒါပေမယ့်ရေမကစားကြတဲ့မနက်အစောပိုင်းနဲ့ညပိုင်းတွေလောက်သာဖြစ်ခဲ့တာပါ။ဘာလိုလိုနဲ့သင်္ကြန်တစ်နှစ်ကတော့ပြီးဆုံးသွားပြန်ပြီ။