စစ်ကိုင်းတိုင်းကလေးမြို့ကနေချင်းပြည်နယ်မြို့တော်ဟားခါးမြို့ကိုအင်အားနဲ့ရိက္ခာဖြည့်ဖို့ချီတက်ဟားခါးမြို့မရောက်ခင်မှာပဲအပြီးတိုင်ခြေမှုန်းခြင်းခံလိုက်ရတယ်။ပြီးခဲ့တဲ့မတ်လဆန်းကတည်းကစစ်ကောင်စီတပ်တွေဟာကလေးမြို့မှာစုစည်းပြီးယာဉ်စီးရေသုံးဆယ်ခန့်အင်အား၂၀၀ခန့်အသုံးပြုပြီးချင်းပြည်နယ်ဟားခါးမြို့ကိုအင်အားဖြည့်ဖို့စတင်ချီတက်ခဲ့တယ်။စထွက်ကတည်းကတော်လှန်ရေးအဖွဲ့တွေရဲ့အဆင့်ဆင့်ပိတ်ဆို့တိုက်ခိုက်ခြင်းကိုခံခဲ့ရတယ်။ပုံမှန်ဆိုတစ်နာရီခွဲခန့်သာသွားရတဲ့ခရီးကိုတလကြာသည်အထိမရောက်သေးဘူး။ယာဉ်တန်းကကားတွေတစ်စီးပြီးတစ်စီးအမှည့်ချွေခံနေရပြီးရှေ့ဆုံးကနေချီတက်နေတဲ့သံချပ်ကာကားနှစ်စီးပါဒရုန်းနဲ့ဗုံးကြဲခံလိုက်ရလို့ပျက်စီးသွားတယ်။ဟားခါးကနေစစ်ကူပေးဖို့ဆင်းလာတဲ့စစ်ကောင်စီစစ်ကြောင်းဟာလဲကြားဖြတ်တိုက်ခိုက်ခံရလို့မကူနိုင်ခဲ့ဘူး။နောက်ဆုံးမှာတော့လိုရာမရောက်သေးခင်မှာပဲအဆိုပါယာဉ်တန်းမှာပါလာတဲ့ယာဉ်အားလုံးပျက်စီးသွားလို့ဆက်လက်ချီတက်လို့မရတော့ဘူး။ပါလာတဲ့စစ်သူပုန်အင်အား၂၀၀ခန့်ဟာလဲလမ်းသေဆုံးဒဏ်ရာရကုန်လို့လေးဆယ်ခန့်သာကျန်တော့တယ်လို့သိရတယ်။အခုလောလောဆယ်တော့စစ်သူပုန်တွေဟာရောက်တဲ့နေရာမှာပဲဆက်လက်တပ်စွဲထားတယ်။
ဇူလိုင် ၂၁၊ ၂၀၂၄။ (တနင်္ဂနွေ)
တရုတ်ရဲ့ဖိအားပေးမှုကြောင့်ကိုးကန့်တပ်တော်MNDAAကဒီလကုန်ထိအပစ်ရပ်ဦးမယ်လို့ကြေညာလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်တွေကလဲတရုတ်မှာညီလာခံရှိလို့ဆိုပြီးလေးရက်ကြာတဖက်သတ်အပစ်ရပ်ပြီးပြီ။အခုလဲထပ်ပြီးအပစ်ရပ်ရဦးမယ်တဲ့။ တရုတ်ဟာ၁၀၂၇စစ်ဆင်ရေးအပိုင်း၂ဆင်နွဲနေတဲ့မြောက်ပိုင်းမဟာမိတ်တပ်တွေကိုနည်းလမ်းမျိုးစုံသုံးပြီး ဖိအားပေးနေပါတယ်။MNDAAအဖွဲ့လားရှိုးကိုစတိုက်တဲ့ဇူလိုင်၃ရက်နေ့ကစပြီးလောက်ကိုင်မြို့ကိုလျပ်စစ်မီးတွေဖြတ်တောက်ခဲ့တယ်။ဒါ့အပြင်MNDAAထိန်းချုပ်ထားတဲ့နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုလဲတရုတ်ဘက်ကပိတ်ပစ်ခဲ့တယ်။အခုလဲမကြာခဏအပစ်ရပ်ခိုင်းနေပြန်ပြီ။ တရုတ်ဟာတော်လှန်ရေးအဖွဲ့တွေဘက်ရောစစ်ကောင်စီဘက်ကိုပါပြိုင်တူဖိအားပေးပြီးသူလိုချင်တဲ့လမ်းကြောင်းကို ရောက်အောင်ပုံသွင်းနေပါတယ်။စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုလဲ...