သင်္ကြန်ကာလမှာမော်ဒယ်ပိုင်တံခွန်နဲ့အဆိုတော်ဂျီဖတ်တို့နေပြည်တော်ကစစ်ကောင်စီမဏ္ဏပ်မှာပြုံးပျော်ရွှင်နေတဲ့ပုံတွေထွက်ပေါ်လာလို့လူထုကြားမှာဝေဖန်သံတွေဖြစ်ပေါ်လာတယ်။ပိုင်တံခွန်ဆိုရင်တော်လှန်ရေးကနဦးကာလမှာတက်တက်ကြွကြွပါဝင်ခဲ့လို့စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရတယ်။သူဖမ်းဆီးခံရစဉ်ကာလတုန်းကဒေသတွင်းမီဒီယာတွေမှာပါဝေဝေဆာဆာဖော်ပြခြင်းခံခဲ့ရတယ်။အဲ့ဒီတုန်းကသူ့ဖန်တွေအပါအဝင်အတော်များများကသူ့ကိုစာနာသနားခဲ့ကြသေးတယ်။နောက်ပိုင်းလွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လွတ်လာပြီးနောက်အနုပညာအလုပ်တွေပေါ်ပေါ်ထင်ထင်ပြန်လုပ်နေရာကနေအခုစစ်ကောင်စီနဲ့ပေါ်တင်ပူပေါင်းသွားတော့တာပဲ။
ဂျီဖတ်ကတော့ထိုင်းဘက်ကိုထွက်ပြေးတိမ်းရှောင်နေရင်းဒုက္ခတွေမခံနိုင်တော့လို့ဆိုပြီးစစ်ကောင်စီလက်အောက်ပြန်လည်ဝင်ရောက်အညံ့ခံလာတာပါ။သူလိုလူမျိုးကဒုက္ခမခံနိုင်ဘူးဆိုရင်နယ်စပ်ကစစ်ဘေးရှောင်ပြည်သူတွေအတွက်ပြောစရာစကားတောင်မရှိဘူး။
တကယ်ကသူတို့နှစ်ယောက်လုံးဟာဆမ်ဆောင်းရဲ့Brand သံတမန်တွေဖြစ်ပြီးစင်ကာပူမှာပြုလုပ်မယ့်ဆမ်ဆောင်းပွဲမှာတက်ရောက်ခွင့်မရခဲ့ရင်သံတမာန်ရာထူးကပြုတ်မှာဆိုးလို့စစ်ကောင်စီလက်အောက်ပြန်လည်ဝင်ရောက်ခဲ့တာပါ။အနုပညာရှင်တစ်ယောက်အနေနဲ့ပြည်သူကိုမရွှေးချယ်ပဲကိုယ်ကျိုးစီးပွားကိုသာရွှေးချယ်သွားခဲ့တာပါ။ဒီအတွက်အချိန်တန်ရင်ပြည်သူကပြန်လည်ဒဏ်ခတ်ပါလိမ့်မယ်။